Thursday, February 24, 2011

ယနေ့သတင်း (၂၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၂၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
ည (၇ နာရီ ၂၇ မိနစ်) မြ၀တီမြို့နယ်ရှိ ချူးကလိ ဒေသကို ဒီကေဘီအေ မှ ၀င်ရောက်တိုက်ခိုက်မည် ဆိုသည့် သတင်းကြောင့် မြ၀တီမြို့တွင်းရှိ နေရာတော်တော်များများတွင် နအဖ မှ စစ်တပ်အင်အားကို တိုးမြှင့်ချထားလိုက်ကြောင်း သိရှိရပါတယ်။

ည (၇ နာရီ ၂၀ မိနစ်) နအဖ စစ်တပ် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ်၊ မိုင်းထားမြို့နယ်ခွဲ ဒေသတ၀ိုက်တွင် မိုင်းထားအခြေစိုက် နအဖ ခြေမြန်တပ်ရင်း (ခမရ) ၃၂၈ တပ်ဖွဲ့ဝင်များနှင့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ ယခုရက်ပိုင်း အတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ ဘက်က ၃ ဦး ကျဆုံး၍ SSA တပ်သား တချို့လည်း ဒဏ်ရာရရှိ သွားကြောင်း သိရသည်။ (ကိုးကား - ဧရာဝတီ)

0 comments: