Saturday, February 19, 2011

ယနေ့သတင်း (၁၉ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၉ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နံနက် (၉ နာရီ ၂၇ မိနစ်) ကော့ကရိတ်မြိုကအနီး မြဝတီ ကော့ကရိတ် ကားလမ်းပေါ်က ဝါးစခန်း တရုတ်ဖြူတောင်မှာရှိတဲ့ နအဖ လမ်း ကင်းတပ်တွေကို ဒီကေဘီအေ ဗိုလ်ဂျပန် ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေဟာ ယမန်နေ့ နေ့လည် ၁၂ ခန့်က ဝင်ရောက်တိုက်ခိုက် ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရတာကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။ မြဝတီမြို့က မြို့ခံမျက်မြင်တွေ့ရှိသူတွေ ပြောပြတာကတော့ ဒီနေ့ နေ့လည်လောက်က ကော့ကရိတ်ဘက်ကနေ နအဖ တပ်က ဒဏ်ရာရ လူနာတွေကို မြဝတီဆေးရုံးကို သယ်သွားတာတွေ့ရတယ်ကြောင်း သိရပါတယ်။

နံနက် (၉ နာရီ ၂၀ မိနစ်) ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကျောက်ခက်နှင့် ဘလယ့်ဒို့အကြားတွင် လှုပ်ရှားနေသော နအဖ စကခ(၁၂)လက်အောက်ခံ (၂၃၁) တပ်ရင်းကို DKBA က ယမန်နေ့မနက် ၈ နာရီအချိန်၌ ရှေ့ထွက်မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ရာ နအဖဘက်က ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ဗိုလ်မှူးချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး) ဦးဆောင်တဲ့ DKBA တပ်မဟာ(၅)၊ (၉၀၇) တပ်ရင်းက ပြုလုပ်ခဲ့ပြီး ယခုလို ရှေ့ထွက်မိုင်းတိုက်ခိုက်မှုအပေါ် နအဖဘက်က အထိနာစေခဲ့ကြောင်း DKBA တပ်မှူးတဦးက ပြောပါတယ်။ (ကိုးကား - ကေအိုင်စီ)

0 comments: