Friday, February 4, 2011

ယနေ့သတင်း (၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၄ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း
နေ့လည် (၂ နာရီ ၅ မိနစ်) နအဖ အစိုးရ လွှတ်တော်မှ သိန်းစိန်ကို သမတအဖြစ် တင်မြောက်လိုက်ကြောင်း လတ်တလော သတင်းအရ သိရှိရသည်။

ဗွီဒီယို

နေ့လည် (၂ နာရီ ၅၅ မိနစ်) ရန်သူ နအဖ စစ်တပ်စခန်းကို KNLA တပ်မဟာ(၇)မှ သွားရောက် ထိုးစစ်ဆင်သည့် ဗွီဒီယို...
(မူရင်း - ကိုးဒီသွေး)

သတင်း
နေ့လည် (၂ နာရီ ၃၅ မိနစ်) နအဖစစ်အစိုးရသည် ကရင်ပြည်နယ်ကို သဲကြီးမဲကြီး ထိုးစစ်ဆင်နေချိန်မှာ KNU, DKBA, ကျောင်းသားတပ်မတော်၊ ကရင်နီအဖွဲ့နှင့်သျှမ်းပြည်တပ်မတော်(တောင်ပိုင်း)တို့က စစ်ရေးအရ နားလည်မှုရယူပြီး ပြောက်ကျားစစ်ဖြင့် ရိက္ခာသယ်လာသော နအဖအဖွဲ့ကို ကြားဖြတ်ပိတ်ဆို့ ထားနိုင်ခဲ့သည်။

ဗိုလ်မှူးချုပ်စောလားပွယ်၏ ဒီကေဘီအေတပ်ဖွဲ့သည် ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ မြို့ကြီးများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပြီး နေရာအနှံ့ဖြန့်ကျက်ထားသော ဒီကေဘီအေ၊ ကေအန်ယူနှင့် ကျောင်းသားတပ်မတော်တို့၏ ပူးပေါင်းတပ်ဖွဲ့သည် ရန်သူနအဖကို မြို့ပြတိုက်ပွဲ ဆင်နွဲရန် အသင့်အနေအထားတွင် ရှိနေပြီးဖြစ်သည်။

လွန်ခဲ့သော ဇန်န၀ါရီ(၃၁)ရက်နေ့ညတွင် ကော့ကရိတ်မြို့ရှိ ရန်သူ၏ မိုက်ခရိုဝေ့ဗ်ကို ကရင်တပ်ဖွဲ့ ၀င်များ သွားရောက်တိုက်ခိုက်ခဲ့သည့်ညမှာပင် မွန်ပြည်နယ် ဘီးလင်းမြို့တွင်းရှိ အခွန်ဦးစီးရုံးကိုလည်း မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။ (မူရင်း - ကိုးဒီသွေး)

0 comments: