Tuesday, February 1, 2011

ယနေ့သတင်း (၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁ ရက် ဖေဖော်ဝါရီလ ၂၀၁၁

သတင်း

နံနက် (၇ နာရီ ၃၅ မိနစ်) ယမန့်နေ့ည ၁၂ နာရီတွင် ကရင်ပြည်နယ် ကော့ကရိတ်မြို့နှင့် သုံးမိုင် အကွာအဝေးတွင် ရှိသည့် နအဖ စစ်တပ်ဗျူဟာ စကခ (၉) လက်အောက်ခံ ခမရ (၃၅၆)၊ ခမရ (၃၅) တပ်ရင်းများထိုင်သည့် တောင်ကလေးစခန်းကို ဒီကေဘီအေမှ ၀င်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

နံနက် (၁၀ နာရီ ၅၅ မိနစ်) ယမန်နေ့က ဖြစ်ပေါ်ခဲ့သော နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်ဖွဲ့တိုက်ပွဲများတွင် နအဖ မှ ပစ်ခတ်သော လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျရောက်ပေါက်ကွဲသောကြောင့် ကင်းလှည့်နေသော ထိုင်း စစ်ကားအနီး ကျရောက်ထိမှန်ပြီး ထိုင်း စစ်သား နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ ထိုင်းဘက်ခြမ်းမှာ တောင်ယာ လုပ်ကိုင်နေတဲ့ ထိုင်းရွာသား သုံးဦးလည်း လက်နက်ကြီး စထိမှန်ပြီး ဆေးရုံတက်ရောက် ကုသနေရတယ်လို့ သိရပါတယ်။ ထို့အပြင် ထိုးဘက်ခြမ်း မိုးကဲရွာအနီးတွင် နအဖ တပ်မှ ပစ်ခတ်သည့် ၁၂၀ မမ လက်နက် ကြီး ကျည် ၄ လုံး ကျရောက် ပေါက်ကွဲသဖြင့် ထိုင်းဘက်တွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်၂ ဦး ဒဏ်ရာရရှိ ခဲ့ပါသေးတယ်။

နံနက် (၁၀ နာရီ ၃၅ မိနစ်) ဒီဇင်ဘာလ ၃၀ ရက်နေ့က ဒီကေဘီအေ (၉၀၈) တပ်ရင်းမှူး ဗိုလ်မှူး စောကျော်တလို့ ဦးဆောင်သည့် အဖွဲမှ မြ၀တီ၊ သင်္ကန်းညီနောင် ဗျူဟာဂိတ်ရဲ့ အလွန်တွင် ဆွဲမိုင်းနဲ့ ဖြင့် နအဖ တပ်ရင်း(၂၇၅) တပ်ဖွဲ့မှ ကားချောက်ထဲကျသွားကာ စစ်သား ၆ ဦး ကျဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။ ထို့တနေ့တည်းမှာပဲ ၀ါလေဒေသတွင် ဗိုလ်မှူးဆန်းဆောင် ဦးဆောင်သည့်အဖွဲ့မှ နအဖ စစ်တပ်အား ဆွဲမိုင်းနဲ့ ဆွဲရာ နအဖစစ်သား ဗိုလ်မှူးနှင့် တပ်ခွဲမှူး၊ ဒုခွဲမှူးအပါအ၀င် စစ်သား ၆ ဦးဒဏ်ရာရပြီး ထိုင်းနိုင်ငံထဲကနေပြီး မြ၀တီကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

0 comments: