Monday, January 10, 2011

ယနေ့သတင်း (၁၀ ရက် ဇန်န၀ါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၁၀ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
ည (၇ နာရီ ၁၅ မိနစ်) ကရင်ပြည်နယ် ဝေါလေဒေသတွင် နအဖ ထိုးစစ်ဆင်သည့် တပ်ရင်း ၈ ရှိပြီး အင်းစိန်ထောင်၊ မော်လမြိုင်ထောင်၊ ဘားအံထောင်တို့မှ ရာဇ၀တ်အကျဉ်းသား ၄၀၀ ကျော်ကို လက်နက် ရိက္ခာ သယ်ယူရန်နှင့် လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးပြုနေကြောင်း သိရှိရသည်။ နအဖ စစ်တပ် အပြင်းအထန်ထိုးစစ်ဆင်သည့် ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့မှ ယနေ့အချိန်အထိ နအဖနှင့် ဒီကေဘီအေ တိုက်ပွဲများအတွင်း အကျဉ်းသား(ထောင်သား) ၆ ဦး ဒဏ်ရာရမှု ရှိကြောင်းသိရှိရသည်။ တိုက်ပွဲအတွင်း အကျဉ်းသား သေဆုံးမှုများကို စုံစမ်းနေဆဲ ဖြစ်သည်။

ည (၇ နာရီ ၁၀ မိနစ်) ကရင်ပြည်နယ် ဝေါလေဒေသ တပ်ခေါ်ကျိုးနှင့် ကဆောဝါးလေး ကြား လေးဒေး စခန်းတွင် နအဖ စစ်တပ် စကခ (၁၂)လက်အောက်ခံ ခမရ (၅၄၉)နှင့် ဒီကေဘီအေ၊ ကျောင်းသားတပ်မတော်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များ ယနေ့ နေ့လည် ၂ နာရီတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် နအဖ စစ်တပ်မှ ၁၆ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ည (၇ နာရီ ၁ မိနစ်) ဝေါလေဒေသ မောတူးတွင် နအဖ စစ်တပ်မ စကခ(၁၉)လက်အောက်ခံ ခမရ (၂၉၉)နှင့် ဒီကေဘီအေ၊ ကျောင်းသားတပ်မတော်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များ ယနေ့နေ့လည် ၁ နာရီ ၃၀ မိနစ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဗွီဒီယို
ဖလူးဒေသ ၉ ရက်နေ့ တိုက်ပွဲရုပ်သံ (မူရင်း - နေ့သစ်)


စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်သည့်အကြောင်း ဂျပန်သတင်းဌာန NHK ရုပ်သံသတင်း (မူရင်း - NHK)

0 comments: