Sunday, January 23, 2011

ယနေ့သတင်း (၂၃ ရက် ဇန်န၀ါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၂၃ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
ညနေ (၆ နာရီ ၄ မိနစ်) ယနေ့နံနက် ၅ နာရီ ၅ မိနစ်မှ ၁၀ နာရီအထိ နအဖ စစ်တပ်မှ စကခ (၁၂) လက်အောက်ခံ တပ်ရင်းများ ဖြစ်သည် ခမရ (၅၄၈)၊ ခမရ (၅၄၉) တပ်များ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာမှူး ဗိုလ်မှူးကျော်သက် ဦးဆောင်သည့် ကျောက်ခက် စခန်းကို ထိုးစစ်ဆင်ရာတွင် နအဖ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာ များပြားစွာဖြင့် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

နံနက် (၉ နာရီ ၄ မိနစ်)
ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၄နှင့် နအဖ ခမရ ၅၅၈တို့ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၁ရက်နေ့မှာ တိုက်ပွဲ ဖြစ်ပွားရာ နအဖ ဘက်မှ ၃ယောက် သေဆုံးပြီး ၄ယောက် ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မဟာ ၄ ရဲ့ သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။ တိုက်ပွဲ ဖြစ်ပွားရာ နေရာကတော့ ဘိတ် ထားဝယ် ခရိုင်အတွင်းမှာ ရှိတဲ့ ထိုမားဖလို တောင်ကုန်းနဲ့ ဘိုရာခါဟေး တောင်ကုန်း ကြားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲဟာ မနက် ၈ နာရီ ၄၀ မိနစ်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး KNLA ဘက်မှ ထိခိုက်ဒဏ်ရာရရှိတာ မရှိကြောင်း သိရှိရပါတယ်။ (ကိုးကား- အဲခါန်သင့်)

0 comments: