Thursday, January 6, 2011

ယနေ့သတင်း (၆ ရက် ဇန်န၀ါရီလ ၂၀၁၁)

ဆုံဆည်းရာ၊ ၆ ရက် ဇန်န၀ါရီလ ၂၀၁၁

သတင်း
ညနေ(၃ နာရီ ၃၀ မိနစ်) နအဖ စစ်တပ်မှ ဒီကေဘီအေ နဲ့ နအဖ တပ်များ တိုက်ပွဲများ ဖြစ်ပွားနေသည့်အပေါ် အပစ်ရပ်ရေးအတွက် ဇန်န၀ါရီလ ၇ ရက်နေ့တွင် ကရင်ပြည်နယ် ကော့ကရိတ် မြို့နယ် ဝေါလေ ဒေသ၌ ဒီကေဘီအေ တပ်မဟာ (၅) မှ ဗိုလ်ချုပ် စောလားဘွယ် နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

ညနေ(၃ နာရီ ၂၁ မိနစ်) နအဖ စစ်တပ်မှ ဇန်န၀ါရီလ ၅ ရက်နေ့က ရှေ့တန်းအထိုင်တပ်များ အပြောင်းအလဲနဲ့ ထိုးစစ်ဆင်မှုတွေကို အရှိန်အဟုန်မြင့် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဝေါလေဒေသတွင် နအဖ စစ်တပ် စကခ (၁၂) ဗျူဟာလက်အောက်ခံ တပ်ရင်းများ တပ်ချိန်းမှုများနှင့် အင်အားတိုးမြင့်မှုများဖြစ်ပေါ်နေပါတယ်။ စကခ (၁၂) ဗျူဟာလက်အောက်အောက်ခံ ဗျူဟာ (၂) တွင် ဗိုလ်မှူးကြီးကြည်လင်ဦးဆောင်သည်ဟု သိရှိရပြီး အပြာရောင် ထောင်ဝတ်စုံ ၀တ်ဆင်ထားသည့် ရာဇ၀တ်အကျဉ်းများကို ၂ ယောက်တတွဲကြိုးနှင့်တုတ်နှောင်ပြီး ရိက္ခာများနဲ့ ကျဉ်ဆံ သေတ္တာများကို သယ်ပို့ခိုင်းကြောင်းနှင့် နအဖ တပ်များ ဒီကေဘီအေ မိုင်းနင်းမိပြီး အထိနာတာကြောင့် ရာဇ၀တ်အကျဉ်းသား များကို လူသားမိုင်းရှင်းကိရိယာသဖွယ် အသုံးပြုနေကြောင်း သိရှိရသည်။

0 comments: