Thursday, December 23, 2010

တိုက်ပွဲသတင်းနှင့် နအဖ စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုသတင်း


တပ်မဟာ(၄) မြိတ်၊ထားဝယ်ခရိုင်

၁၆ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ၁၀း၁၈ အချိန်တွင် KNU တပ်ရင်း(၇)အဖွဲ့သည် နော်စေးဟဲကားလမ်းမ၌ ရန်သူနဲ့ ပက်ပင်းရင်ဆိုင်တိုးခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၄င်းတိုက်ပွဲအတွင်း ရန်သူဘက်မှ အကျအဆုံးနှင့်ထိခိုက် ဒဏ်ရာရရှိမှုကို မသိရှိရပဲ KNU ဘက်မှလည်း တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း သိရှိရသည်။

၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ KNU တပ်မဟာမှ သင်တန်းအဖွဲ့နှင့် ပြောက်ကျားစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆယ်ဝါးလဲတွင် ၁နာရီခွဲကြာ ထပ်မံတိုက်ပွဲဖြစ်ပွားရာ ရန်သူနအဖဘက်မှ တပ်ကြပ်ကြီး၎ယောက် သေဆုံးပြီး ဒဏ်ရာအပြင်းအထန် ၈ ယောက်နှင့် ၆ယောက်အနည်းငယ် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ KNU ဘက်မှ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

တပ်မဟာ(၆) ဒူးပလာယာခရိုင်
၁၈ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ပြည်သူလှဦးဆောင်သော ရန်သူ ခမရ ၅၄၈အဖွဲ့နှင့် မြအောင်ဦးစီးသော ခလရ ၅၈၄ အဖွဲ့အဲပင် BGF ၁၀၁၆ မှ မိုးဒီအဖွဲ့တို့ ပူးပေါင်းသော စုပေါင်းအင်အား၁၃၀အဖွဲ့သည် မဲပလယ် ရွာသို့တက်လာပြီး လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာနှင့် ပစ္စည်းများ ထမ်းပို့ရန် ရွာသား ၆ ယောက်ကို အတင်းအဓမ္မဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသော ရွာသားများမှာ- ၁။ စောဒီးကလယ်(၂၇)နှစ်၊ ၂။ စောပိုး(၁၃နှစ်)၊ ၃။ မောင်ကာမြိုင်(၄၅နှစ်)၊ ၄။ လာချယ်လိုး(၃၆)နှစ်၊ ၅။ မောင်စံထွေး(၄၂)နှစ်၊ ၆။ ဖါးခိသာ(၃၂)နှစ် တို့ဖြစ်သည်။

အတင်းဖမ်းဆီးထားသူ ( ၆ )ယောက် အနက် ၄ ယောက်ကိုသာ ပြန်လွှတ်ပေးပြီး မောင်စံထွေးနှင့် ဖါ့ခိသာနှစ်ယောက်ကို ပြန်မလွှတ်သေးကြောင်း သိရှိရပါသည်။ ထိုနေ့မှာပင် ရန်သူနအဖတို့တပ်ဖွဲ့သည် ရွာသူ/သားတို့၏ ကြက်များကို မရမက တောင်းစားခဲ့ သည်။ ကြက်ပိုင်ရှင်များမှာ- ၁။ ကျော်ညွန့်ဖိုး(၄၆နှစ်) ကြက်တစ်ကောင်၊ ၂။ နော်ပေါ်တာ (၄၅နှစ်)ကြက်တစ်ကောင်၊ ၃။မောင်တင် (၄၇)နှစ် ကြက်၂ ကောင်၊ ၄။ နော်ပဲပဲ (၄၅)နှစ် ကြက်တစ်ကောင်၊ ၅။ ကြူကေဖေါ (၃၇)နှစ် ကြက် တစ်ကောင်၊ ၆။ နော်ဒါး (၂၁)နှစ် ကြက် တစ်ကောင် တို့ ဖြစ်သည်။

၂၀ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ပြည်သူလှဦးဆောင်သည့် အင်အား(၄၀)ခန့်ရှိသော ရန်သူခမရ ၅၄၈ အဖွဲ့သည် ခူးဒို့မှပြန်လာသော ကော့ကရိတ် လှိုင်ဝရွာနေ၊ ကွမ်းသီးကုန်သည် လေးစော(၄၇)နှစ်ကို ဖမ်းဆီးပြီး အကြောင်းမဲ့ ထိုးကြိတ်ရိုက်နှက်ခဲ့သည်။

ကော့ကရိတ်မြို့နယ်ရှိ နို့ရွှေမူရွာတွင် လှုပ်ရှားနေသော နအဖ စစ်တပ်မှ လှကြည် ဦးစီးသော ခမရ ၅၄၉ တပ်ဖွဲ့ နှင့် BGF 1016 အဖွဲ့တို့ ပူးပေါင်းသောအင်အား၅၀ရှိ အဖွဲ့သည် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ခုဒုံးရွာနှင့် ချိုးပလာ့ ရွာသို့ သွားရောက် လှုပ်ရှားပြီး ၄င်းတို့နေရာတွင် နအဖ စစ်တပ်မှ မိုးမင်း ဦးစီးသော အင်အား(၄၀)ကျော် ခမရ ၅၄၅ အဖွဲ့က ကော့ကရိတ်ကနေ၊ နို့ရွှေမူ ရွာတွင် ဒီဇင်ဘာလ ၁၇ ရက် ၂၀၁၀ ခုနှစ်တွင် အစားထိုး ရောက်ရှိလာပါသည်။

ဖိုးဒေးမူရွာတွင် လှုပ်ရှားနေသော ခမရ ၄၀၇၊ စစ်ကြောင်း ၂ ခေါင်းဆောင် ရန်မင်းထိုက်သည် ရွာသား တွေကို နည်းမျိုးစုံညှဉ်းပမ်းနှိပ်စက်ကြောင်း သတင်းရရှိပါသည်။ ၁၇-၁၂-၂၀၁၀နေ့တွင် ရွာ၏တောင် နောက်ဘက်ခြမ်းရှိ ရွာသားစောဟီခု (၃၈နှစ်)ကို လက်လုပ်ယမ်းထောင်းတူမီး(၂)လက်၊ သိမ်းဆည်း ခဲ့ရုံသာမက ထိုးကြိတ်နှိပ်စက်ခဲ့ကြောင်း သိရှိရပါသည်။

၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ စတီဗင်ဦးဆောင်သော BGF ငြိမ်းချမ်းရေးအဖွဲ့မှ နှစ်သစ်ကူးလုပ်ရန် ရွာသား များကို တစ်ရွာလျှင်သုံးသောင်းကျပ်ဖြင့် အတင်းအဓမ္မငွေကောက်ခံခဲ့ပြီး ၄င်းငွေကို 19-12-2010 နေ့
အရောက်ပို့ဆောင်ရမည်ဖြစ်သည်။ ငွေတောင်းခံ ခံရသောရွာများမှာ- ၁။ ကြီးခလယ့္ရြာ ၂။ ထောဝါ့လော် ၃။ ဖိုးဆီ့မူးရွာ ၄။ မဲ့တလယ့် ၅။ ကျော်ခီး ၆။ ထိမယ်ဘော ၇။ မဲကဒိ ၈။ ဖါးကလောခီး တို့ဖြစ်သည်။

၁၇ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ၈း၄၀ အချိန်တွင် ကျွန်ုပ်တို့KNU တပ်ရင်း၁၆သည် လေးနော့စစ်စခန်းမှ ရန်သူနအဖ ခမရ၄၀၅ စစ်ကြောင်း၂ ကို ပြောက်ကျား စစ်ဆင်နွဲရာ တစ်ယောက်သေ၊ တစ်ယောက်ဒဏ်ရာ ရရှိခဲ့သည်။ KNU ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါသည်။ ၄င်းတိုက်ပွဲတွင် ရန်သူသည် လက်နက်ကြီး အလုံးပေါင်းများစွာ ပစ်ခတ်ခဲ့ရာ ရွာသားတစ်ယောက် ကျည်စထိမှန်ခဲ့ပြီး ၀က်နှစ်ကောင်ကိုလည်း ကျည်ဆံ ထိမှန်သေဆုံးခဲ့သည်။

တပ်မဟာ၂ တောင်ငူခရိုင်
၁၇ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ မနက်၉နာရီအချိန်တွင် KNU ပြောက်ကျားတပ်ဖွဲ့သည် ခလဲ့ပတီနှင့် သဘားဖါ့ အကြားမှာရှိသောရန်သူကို ချေမှုန်းတိုက်ခိုက်ရာတွင် ရန်သူ၂ ယောက်ဒဏ်ရာရရှိပြီး ထပ်မံ၍ 18-12-2010 ညနေ ၃နာရီအချိန်တွင် သကွီးကျိုး ကားလမ်းမကြီး ပြောက်ကျားတိုက်ပွဲတွင် ရန်သူဘက်မှ တစ်ယောက်ဒဏ်ရာရရှိခဲ့သည်။

၁၉ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ ညနေ၇း၂၀ အချိန်တွင် နော့ဖိုး နီးဒေးရှိ ရန်သူကို ပြောက်ကျားစစ် ဆင်နွဲခဲ့ရာ ရန်သူ၁ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

၂၀ ရက် ဒီဇင်ဘာလ ၂၀၁၀ ခုနှစ်၊ KNU သည် သံတောင်နယ်မြေ(၃)ရှိ ရန်သူကို သွားရောက်တိုက်ခိုက်ရာမှာ ရန်သူ ၁ ယောက်ဒဏ်ရာရရှိခဲ့ပြီး ထိုနေ့မှာပင် နံနက် ၁၁း၃၀ အချိန်၊ သခွီးကျိုးတွင် ရန်သူနှင့် ရင်ဆိုင်ကြုံတွေ့ ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှ ၁ ယောက်သေဆုံးခဲ့ပြီး KNU မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိ ကြောင်း သတင်းရရှိပါသည်။
(မူရင်း - ကိုးဒီသွေး)

0 comments: