Tuesday, December 7, 2010

ယနေ့ သတင်း (၇ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၇ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
ညနေ (၁၁ နာရီ ၃၀ မိနစ်) ယနေ့မနက် ၁၀ နာရီတွင် ဝေါလေ ဗျူဟာကုန်းကို ဒီကေဘီအေနဲ့ မဟာမိတ်အဖွဲ့များ တိုက်ခိုက်ခဲ့သည်။

ညနေ (၁၁ နာရီ ၁၀မိနစ်) ထိုင်း-မြန်မာနယ်စပ်တွင် တိုက်ပွဲများ ပြင်းထန်လာသဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည် ၃၀၀၀ ကျော်ပြီဖြစ်ကြောင်း သိရှိရသည်။

ညနေ (၁၁ နာရီ)
ယမန့်နေ့က ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေ အရှိန်အဟုန်မြင့် ဆက်လက် ဖြစ်ပွားနေပါတယ်။ နအဖ ဘက်မှ ရှေ့ထွက်မိုင်းများနဲ့ ပျောက်ကြား ခြုံခိုတိုက်ခိုက်ခြင်းခံရမှု အများဆုံးဖြစ်ကြောင်း သိရပါတယ်။ ဒီကေဘီအေ၊ ကေအန်ယူအပါအ၀င် အေဘီအက်စ်ဒီအက်ဖ်နဲ့ အခြားလက်နက်ကိုင် တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှုများကြောင့် နအဖ စစ်တပ်မှ တိုက်ပွဲများတွင် အထိနာပြီး ဒဏ်ရာရမှုတွေ များပြားတယ်လို့ သိရပါတယ်။

0 comments: