Sunday, December 5, 2010

ယနေ့ သတင်း (၅ ရက် ဒီဇင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၅ ရက် ဒီဇင်ဘာလ ၂၀၁၀

သတင်း
နံနက် (၈ နာရီ) တရုတ် - မြန်မာနယ်စပ် လွယ်ဂျယ်မြို့နဲ့ မိုင်ဂျာယန်မြို့အကြားရှိ ကုံးဆာ ရှမ်းရွာတွင် ဗန်မော် အခြေစိုက် ခလရ ၂၃၆ နအဖ စစ်ကြောင်းနဲ့ ကေအိုင်အေ တပ်မဟာ (၃) တပ်ရင်း (၁၆) တပ်များ ယမန်နေ့ နေ့လယ်ပိုင်းက အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။ ကေအိုင်အေ ဘက်က ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ကြားသိရပါတယ်။ ကေအိုင်အေတပ်များ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံတာကြောင့် နအဖ စစ်တပ်မှ ပြီးခဲ့သည့်လ ကတည်းက စစ်ရေးပြင်ဆင်မှုများ ပြုလုပ်ပြီး ယခုလို စတင်တိုက်ခိုက်လာတာပါ။ ကရင်ပြည်နယ် ဘုရားသုံးဆူဒေသနဲ့ မြ၀တီအနီး ဝေါလေဒေသတွေမှာ နအဖ စစ်တပ်များနဲ့ ဒီကေဘီအေတပ်များ တိုက်ပွဲများ နေ့စဉ် ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။

ဗွီဒီယို
နံနက် (၈ နာရီ ၃၀ မိနစ်) ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဗွီဒီယို အသံပါသည့်ဖိုင် အပိုင်း (၁ + ၂) တင်ပေးလိုက်ပါတယ်။ ယမန်နေ့က အပိုင်း (၁) တင်ပေးထားပါတယ်။


ဟာသ
နံနက် (၁၀ နာရီ) ယနေ့ ဟာသအဟောင်း ဗွီဒီယိုကလစ်လေးတွေ့လို့ တင်ပေးလိုက်တာပါ ရယ်နိုင်ကြပါစေ။

0 comments: