Wednesday, November 24, 2010

ယနေ့ သတင်း (၂၄ ရက် နိုဝင်ဘာလ ၂၀၁၀)

ဆုံဆည်းရာ၊ ၂၄ ရက် နိုဝင်ဘာလ ၂၀၁၀

သတင်း
- မြောက်နှင့် တောင် ကိုရီးယား အမြောက်များဖြင့် ပစ်ခတ်

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယား ပစ်ခတ်မှုတွင် တောင်ကိုရီးယား မရိန်းတပ်သား ၂ ဦး အသက် Sergeant Seo Jeong-woo ၂၂ နှစ် နှင့် Private 2nd Class Moon Kwang-wook ၂၀ နှစ် သေဆုံးပြီး ၁၆ ဦးဒဏ်ရာရကာ ထိုအထဲမှ ၆ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ အရပ်သား ၃ ဦးလဲ ဒဏ်ရာရရှိခဲ့ပြီး အိမ်များနှင့် သိုလှောင်ရုံ(ဂိုထောင်)များလည်း မီးလောင်ခဲ့သည်။ တောမီးများလဲ လောင်ကြွမ်းနေပြီး ရန်ဖျောင်းကျွန်း တကျွန်းလုံး မီးများ ပြတ်တောက် သွားခဲ့သည်။ အရပ်သားများကို အင်ချွန်းသို့ ရွှေ့ပြောင်းပေးထားပြီး အချို့အရပ်သားများကို ဘန်ကာများသို့ ပြောင်းရွှေ့ ပေးထားခဲ့သည်။ နေ့လည် ၂ နာရီ ၃၄ မိနစ်တွင် ပထမအကြိမ် ပစ်ခတ်ခဲ့ပြီး ၂နာရီ ၄၉ မိနစ်အထိ အချက် ၂၀ ကျော်ပြစ်ခတ်ခဲ့သည်။ ၃ နာရီ ၁၀ မိနစ် မှ ၄၁ မိနစ်အထိ ဒုတိယ အကြိမ် ပစ်ခတ်ခဲ့သည်။ မရိန်းတပ်အတွင်း K 9 ( တင့်ကား)အမြောက်တပ် လက်နှက်တိုက်၊ စစ်တန်းလျားနှင့် အနီးရှိ အိမ်များပေါ်သို့  ကျရောက်ခဲ့သည်။ ရန်းဖျောင်းကျွန်းမှ ၁၂ ကီလိုမီတာ ဂဲဘော်ရီ အမြောက်စခန်းမှ ပစ်ခတ်ခဲ့သည်။ တောင်ကိုရီးယားမှလဲ အချက် ၈၀ ပြန်လည် ပစ်ခတ်ခဲ့သည်။ အဆိုပါ ယန်းဖောင်းကျွန်းသည် နယ်ကြားမျဉ်း NLL မှ ၁-၅ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ အဆိုပါ အမြောက်တပ် မှ K 9 တင့်ကားများသည် နံနက် ၈ နာရီ အချိန်မှ စတင်၍ ပင်လယ်ပြင်သို့  ပစ်ခတ် စစ်ရေးလေ့ကျင့်နေချိန် ဖြစ်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် ၂၂ ရက်နေ့မှ လကုန်သည်အထိ လေ့ကျင့်ရန်ဖြစ်သည်။ ယနေ့ တိုက်ခိုက်မှုကြောင့် အဆိုပါ စစ်ရေးလေ့ကျင့်မှုရပ်တန့်မည် မဟုတ်ဟု တောင်ကိုရီးယား စစ်ရုံးမှ ထုတ်ဖေါ်ပြောကြားခဲ့သည်။ အဆိုပါကျွန်းတွင် မီးသတ်ကား တစ်စီးသာရှိသည်။ အင်ချွန်းမြို့မှ မီးသတ်ကားနှင့်  လူနာတင်ယာဉ်များ ပို့ဆောင်လျှက်ရှိသည်။ မြောက်ကိုရီးယား အသံလွှင့်ဌာမှ တောင်ကိုရီးယားမှ စတင်ပြစ် ခတ်ခဲ့သည်ဟု ကြေညာခဲ့သည်။ မြောက်ကိုရီးယားမှ ထိခိုက်မှုကို ထုတ်ဖေါ်ပြောကြားမှု မရှိပေ။ (ကိုးကား။ ။ http://world.kbs.co.kr/korean/news/news_photo_detail.htm?No=15648)
မြောက်နဲ့တောင် တိုက်ပွဲ ဗွီဒီယိုပါ


သတင်း
လက်နက်ချမလား၊ စစ်တိုက်မလား...

ဗိုလ်မှူးချူပ် စောလာဘွယ် (ခ) ဗိုလ်နှုတ်ခမ်းမွှေးဦးဆောင်တဲ့ DKBA တပ်ကို စစ်အစိုးရစစ်တပ် အထူးစစ်ဆင်ရေး အဖွဲ့မှူးက လက်နက်ချဖို့ ဆက်သွယ် ဖိအားပေးခဲ့တယ်လို့ သိရပါတယ်။ ယမန်နေ့လည် ၁၂ နာရီလောက်မှာ စစ်အစိုးရ အရှေ့တောင် တိုင်းမှူးဟောင်း ဗိုလ်မှူးချူပ် သက်နိုင်ဝင်းက DKBA တပ်မှူး ဗိုလ်မှူးချူပ် စောလာဘွယ်ကို တယ်လီဖုန်းနဲ့ တစ်နာရီလောက် ကြာအောင် ဆက်သွယ်စကား ပြောပြီး လက်နက်ချခိုင်းခဲ့ပါတယ်။

DKBA ရဲ့ ကလိုထူးဝေါ စစ်ဗျူဟာက ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး ဆန်းအောင်က လက်နက်ချ ရမယ်ဆိုတဲ့ အသုံးအနှုန်း ကိုဆိုရင် ဗိုလ်မှူးချူပ် နှုတ်ခမ်းမွှေး အပါအ၀င် တပ်ဗိုလ် တပ်မှူးအားလုံးက ဘယ်လိုမှ လက်ခံမှာ မဟုတ်တဲ့ အကြောင်း မိမိတို့ဟာ နိုင်ငံရေးအရ အဖြေတစ်ခု ရဖို့အတွက် စစ်တိုက် နေကြတာပဲ ဖြစ်ပြီး စစ်သွေးကြွပြီး စစ်တိုက်ချင်လို့ တိုက်နေကြရတာ မဟုတ်တဲ့ အကြောင့် ပြောပါတယ်။ အခုလို ရာဇသံ ပေးတာရှိသလို မြ၀တီမြို့မှာလည်း ဗိုလ်းမှူးချူပ် စောလာဘွယ်ကို ဘယ်လို သဘောထားကြမှာ လည်းဆိုတဲ့ အစည်းအဝေး တစ်ခုကို နအဖ အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်မှူးချူပ် ထွန်းနေလင်းက ဦးဆောင်ပြီး ကျင်းပခဲ့ပါသေးတယ်။

ဒီအစည်းအဝေးနဲ့ ပက်သက်ပြီး DKBA ကလိုထူးဝေါ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျောက်သက်က အရှေ့တောင်တိုင်း တိုင်းမှူး ၊ မြ၀တီကဗျူဟာမှူး ၊ အစိုးရရဲ့ နယ်ခြားစောင့်တပ် ကိစ္စ လက်ခံသွားတဲ့ DKBA တပ်မှူးဟောင်း ဗိုလ်မှူးချစ်သူ ၊ ကရင်ဆရာတော်တစ်ပါး နဲ့ သာထူးကျော်တို့ပါဝင် ဆွေးနွေးကြတဲ့အကြောင်း ပြောပါတယ်။ ဒီအစည်းအဝေးမှာ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချနိုင်ပဲ ပြီးဆုံးသွား ခဲ့ရတယ်လို့ဆိုပေမယ့် နအဖဖက်ကတော့ စစ်ဆင်ရေး တိုးမြင့်မယ်ဆိုတဲ့ အရိပ်အယောင်မျိုး ပြောသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဘုရားသုံးဆူကို ရောက်နေတဲ့ နအဖစစ်ကူ တွေကတော့ အင်အား ၄၀၀ ကျော်သာရှိနေပြီး ဝေါလေစခန်းဖက်က တပ်မ ၂၂ရဲ့ နည်းဗျူဟာ တပ်တွေကလည်း မိုင်းကွင်းထဲ ပိတ်မိနေတယ်လို့ သိရှိရပါတယ်။ (ကိုးကား - http://www.bbc.co.uk/burmese/burma/2010/11/101122_dkba_ultimatum.shtml)

ဓါတ်ပုံ
(၁၂ နာရီ) ယနေ့မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ထိန်လင်းတို့ ရွှေတိဂုံဘုရား ဖူးမြော်နေစဉ်



ဗွီဒီယို
ကရင်နီတပ်နှင့် နအဖ တပ် တိုက်ပွဲ ဗွီဒီယို တင်ပေးလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ထိန်လင်းတို့ တွေ့ဆုံစဉ်


ဟာသ အငြိမ့်
တန်ဆောင်တိုင် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ ၂၁ နေ့က သုဝဏ္ဏအားကစားရုံမှာ ဖျော်ဖြေခဲ့တဲ့ ထာဝရနှင်းဆီအငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့ပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ ပရိသတ်များ အကြိုက်တွေ့ခဲ့ရပါတယ်။ ထာဝရနှင်းဆီ အငြိမ့်အဖွဲ့ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က စီစဉ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ ကျော်ကျော်ဗိုလ်၊ ရဲလေး၊ ထွန်းထွန်းနဲ့ မိုးမိုးတို့ ပါဝင်ခဲ့ပါတယ်။ ဗွီဒီယိုဖိုင် နမူနာလေး တင်ပေးလိုက်ပါတယ်။

0 comments: