Saturday, November 6, 2010

ကျနော်သိခဲ့ရသော ရွေးကောက်ပွဲ

ဒီလိုပါ
၁၉၇၄ ဖွဲ့ စည်းပုံဥပဒေထဲ
မဲပေးခဲ့ကြတော့
သူတို့ ...
တရားလက်လွတ် လုပ်ကြရော။

အဲဒီရွေးကောက်ပွဲပေါ့ 
ဌါနေတိုင်းရင်းသားများ သွေးကွဲသွားကြ
ချစ်သူများစွာ ဝေးလွှင့်သွားကြ
လူ့ အသက်ပေါင်းများစွာ ကျဆုံးသွားကြ
ဘ၀ပေါင်းများစွာ ပျက်သုံးသွားကြ။

အဲလို ရွေးကောက်ပွဲပေါ့ 
တချို့ က ...
နေအိမ်အကျယ်ချုပ်မှာ ...
ထောင်ထဲမှာ ...
တောထဲမှာ ...
တရားမ၀င်အလုပ်စခန်းထဲမှာ ...
ဟို ... နေရာမှာ
ဒီ ... နေရာမှာ
ခါးသီးစွာ နေရရဲ့။

အဲဒီလိုနဲ့ 
ကျနော့် ကောင်မလေးနဲ့ 
တယောက်တဖက်ဆီ လွန်စွာဝေခဲ့။

မေမေရယ်
အဲဒီလို ရွေးကောက်ပွဲပေါ့
သားတို့ကို ရှင်ကွဲ ခွဲကြ
သေကွဲ ခွဲလိုက်ကြ
ခွဲခဲ့လိုက်ကြ
ခွဲပစ်လိုက်ကြ
ခွဲလိုက်ကြတာ
ခွဲခဲ့ကြတာ။

ကျနော်တို့ဟာ
တရားဝင်တဲ့ မေလရဲ့
နေ့သစ်တခုမှာ
မဲပေးခဲ့ကြဘူးတယ်။

အဲဒီလူ့ဘောကြော့တွေပေါ့
ဂတိတွေ အကြိမ်ကြိမ်ဖျက်တော့
လူတွေ ဖျားနာကျ
နိုင်ငံရေးအကျဉ်းသားတွေသာ ဖြစ်သွားကြရဲ့။

သူတို့ကျ
ဆွေစဉ်မျိုးဆက် ကြီးပွားကြ
ကြောက်ခမန်းလိလိ
တိုင်းပြည်လည်း တရိရိနဲ့
ချွတ်ခြုံကျ။

မန္တလေးက ကရင်မလေးရေ
ကျယ်ပြန့်ပေမယ့်
မသပ်ရပ်သေးတဲ့ ဖွဲ့စည်းပုံဥပဒေထဲ
အတွေးအခေါ်တို့ လက်နက်ချချိန်
ပဠိပက္ခတို့ ပျော်ဝင်ချိန်မှာ
ဟေမန်ဆောင်းကာလရဲ့ တခုသောနေ့မှာ
ကျင်းပတဲ့ရွေးကောက်ပွဲတခုအတွက်
ဥပဒေအရ မဲမပေးနဲ့။

ချွင်းချက်
ဟလို ...
ပရိုဂရမ္ဘာသာစကားအရ
နောက်ထပ်အနှစ် ၂၀ လည်း
ဂိန်းအိုဗာ ဖြစ်နေဦးမှာပဲ
သြော် ... ဟုတ်ကဲ့
ဘိုင် ... ဘိုင် ။ ။
SummaryRest of your post

0 comments: