Friday, September 24, 2010

ရဲဘော်တို့လာ၊ စုရုံးနေ

ကဒေါင်းတို့မည်သည်

သူတပါးအလိုကျ

ကပြအသုံးတော်ခံ

အားမာန်လျှော့လေ့

ရှိသော်ငြား၊

ခွပ်ဒေါင်းတို့မည်သည်ကား

အနိုင်မခံ

အရှုံးမပေး

သွေးချင်းချင်းနီသည်ထိ

အားလျှော့ရိုးထုံးစံမရှိ။


၂၀၁၀ရဲ့ တိုက်ပွဲခေါ်သံ

ခွပ်ဒေါင်းအလံကား

ဘူမိနက်သန်

အောင်မြေမှန်တွင်

စိုက်ထူထားသည်မို့

ရဲဘော်တို့လာ-

စုရုံးကြစို့။

အဆုံးစစ်ပွဲကို

နွှဲပါစို့။


ခင်မမမျိုး (၁၇၊၉၊ ၂၀၁၀)

1 comments:

မင်းတာရာ said...

တိုင်းပြည်ရဲ့ 
အခြေနေအချိန်ခါ လိုအပ်ချက်အရ
ဒီအချိန်ဟာ ကဒေါင်းလို”က”ပျော်နေရမဲ့အချိန်မဟုတ်ဖူး
အားမာန်အပြည့်နဲ့ ရဲရဲရင့်ရင့်
သွေးပျက်စရာ တစက်ကလေးတောင်သွေးကျောထဲအ၀င်မခံ
အတွင်းရောအပြင်ပါတော်လှန်ပစ်ရမဲ့အချိန်....။
ရဲဘော် မင်းမှန်တယ်။