Tuesday, February 2, 2010

သတင်း မှတ်စု (၀၁၊ ၀၂၊ ၁၀)

ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မြ၀င်း အငြိမ်းစားယူ
သျှမ်းသံတော်ဆင့်

မန္တလေးတိုင်း ပြင်ဦးလွင်မြို့(မေမြို့)၌ ဖွင့်လှစ်ထားသော နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ ကျောင်းအုပ် ကြီး ဗိုလ်ချုပ်မြ၀င်းသည် မကြာသေး ခင်က ရာထူးမှ အနားယူလိုက်ကြောင်း စစ်ဘက်သတင်းရပ်ကွက် တစ်ခု အဆိုအရ သိရသည်။
ဇန္န၀ါရီလလယ်ပိုင်းက မြန်မာစစ်တပ်အတွင်း အလယ်အလတ်အဆင့်ရှိ တပ်မှူးများ ရာထူးနေရာ အပြောင်းအ လဲပြုလုပ်သည်။ မြန်မာစစ်တပ်အတွင်း ရာထူးနေရာ အပြောင်းအလဲများ ပြုလုပ်ခဲ့ရာတွင် ဗိုလ်မှူးကြီးနှင့် ဒု-ဗိုလ်မှူးကြီးအချို့အား နည်းဗျူဟာမှူးများ အဖြစ် လည်းကောင်း ဗိုလ်မှူးချုပ် ၀င်းသိန်းအား အရှေ့မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် ဒုတိုင်းမှူးအဖြစ် လည်းကောင်း ပြောင်းရွေ့စေခဲ့ခြင်းဖြစ်သည်။
၎င်းကိုယ်တိုင် နှုတ်ထွက်စာတင်ခဲ့ခြင်းကြောင့် ရာထူးမှအနားပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် လစ်လပ်သွားသည့် ကျောင်းအုပ်ကြီး ရာထူးတွင် အစားထိုးခန့်အပ်မှု အခြေအနေကိုမူ မသိရှိရသေးကြောင်း အဆိုပါ သတင်းရပ် ကွက် က ပြောသည်။
အဆိုပါ ဗိုလ်ချုပ်မြ၀င်း အငြိမ်းစားယူခြင်း နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

Ref; သျှမ်းသံတော်ဆင့် (01 ဖေဖော်ဝါရီလ 2010)

အပစ်အခတ်ရပ်စဲရေး ဆက်ထိန်းသွားလိုကြောင်း မွန်ပြည်သစ် ပြောကြား
ဝီရ - ခေတ်ပြိုင်

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံသည့်နောက်ပိုင်း နအဖစစ်အစိုးရနှင့် တင်းမာမှု ပိုများလာခဲ့ပြီး ရရှိထားသည့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းသွားရန် နအဖစစ်အစိုးရ၌ တာဝန်ရှိကြောင်း မွန်ပြည်သစ်ပါတီက ပြောကြားလိုက်သည်။
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က “နယ်ခြားစောင့်တပ်ကိစ္စ လက်မခံတာကြောင့် နအဖနဲ့ ကျနော်တို့ပါတီအကြားမှာ တင်းမာမှုတွေ ပိုများလာတယ်။ ဒါပေမယ့် စစ်ရေးအရ ဖိအားပေးတာမျိုး ရှိခဲ့ရင်တော့ ကျနော်တို့ဘက်ကလည်း ပြန်ကာကွယ်ရလိမ့်မယ်။ ငြိမ်းချမ်းရေးကို ကျနော်တို့ဘက်က စဖျက်မှာတော့ မဟုတ်ဘူး။ ဒါကြောင့် ဒါကို ထိန်းသိမ်းသွားဖို့က နအဖဘက်မှာလည်း တာဝန်ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားတို့၏ လိုလားချက်အတိုင်း ပြန်လည်ပြင်ဆင်သုံးသပ်ခြင်းမရှိဘဲ ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပခဲ့ပါက လွတ်လပ်မှုနှင့် တရားမျှတမှု ရှိမည်မဟုတ်၍ ဆန့်ကျင်သွားမည်ဖြစ်ကြောင်းလည်း မွန်အမျိုးသားနေ့ အခမ်းအနားတွင် နိုင်ထောမွန်က ပြောကြားလိုက်သည်။

Ref; ခေတ်ပြိုင် (01 ဖေဖော်ဝါရီလ 2010)
Rest of your post

1 comments:

ispomyju said...

Your article very good ~ continues to share to everybody..................................................