Saturday, October 3, 2009

ဈာပန

သုအိုင်စံ

အကြောင်းတရားအားလုံးရဲ့ ဆုံရပ်မှာ
ခေါင်းတလားတလုံးဟာ ခုန်ကကြိုဆိုနေရဲ့
အလောင်းအားလုံးညီညီညာညာလှနေတဲ့ ဒသနတွေနဲ့ ။

အသိတရားအားလုံးရဲ့ တောင်ထိပ်မှာ
မရှိတရားအများဆုံးနဲ့  အမှောင်ရိပ်ဟာ လင်းပ
ဈာန်နဲ့ ကြွလာတဲ့ မရဏတေးတွေကိုယ်တိုင် အသံမဲ့ အ ခဲ့ပြီ။

အခေါင်းဟာအလောင်းနဲ့ အကြောင်းမဲ့စွာ။ ။

2 comments:

okn said...

ငါ့ညီရေးတဲ့ ဈာပန ကဗျာ ကိုဖတ်လိုက်ရတယ်။ မှတ်မိတာက ... အခေါင်း နဲ့အလောင်းပါ။ ဒင်းကြောင့် ငါဖြစ်ရတာမဟုတ်.... အခေါင်းကလဲ သူ့အကြောင်းနဲ့သူ.. အလောင်းကလဲသူ့အကြောင်းနဲ့ သူလို့နားလည်မိတယ်။

လေးစားစွာဖြင့်

တိုက်ကလားသား

Nyi Nyi Than said...

ဘာတွေလဲကွာ ... အနှစ်သာရဘာမှမရှိဘူး