ဂိတ်ဆုံးနေတဲ့သံသရာ တကောင်ပါ
အတိတ်ကို စိတ်နဲ့  ပြန်ပြန်ပတ်တယ်
ဘာအရိပ်မှ မထင်ဘူး
အနာဂတ်ကို ဗလာဘ၀နဲ့ ကြမ္မာဖတ်တယ်
ဘာအတိတ်မှ မမြင်ဘူး
နေအတက်မှာ ရှည်ထွက်လာတဲ့ ရှင်သန်နေတာတွေကိုတွေ့ တယ်
နေစောင်းလုတာနဲ့ သေကြောင်းဆုပန်တဲ့ ဥာဏ်ပညာတွေကို မြင်တယ်
မြင်/တွေ့ သမျှဟာ
သံသရာမီးပျက်မှတော့ ဦးနှောက်မီးပျက်ပြီပေါ့ကွာ
မျက်လုံးဟာ ဆက်သုံးလို့မရတော့ဘူး...အလင်းရေ...
ရပ်လို့ မရတဲ့သံသရာ တကောင်ပါ။။။
သုအိုင်စံ
Saturday, September 26, 2009
အ စက်ဝိုင်း(အစက်ဝိုင်း)
Subscribe to:
Post Comments (Atom)

1 comments:
ဒီကဗျာလေးအရမ်းကောင်းတယ်
Post a Comment