Thursday, August 13, 2009

နအဖအာဏာရှုးတွေနေတဲ့နေပြည်တော်မှာတစ်ကိုယ်တော်ဆန္ဒပြသူပြည်သူ့သားကောင်းတစ်ဦး

နစ်နေမန်းမှဖော်ပြပါသည်။
နအဖအာဏာရူး သန်းရွှေနဲ့  လက်ပါးစေတွရဲ့  ယုတ်မာပက်စက်မှုကြောင့် ပြည်သူလူထုက ချစ်မြတ်နိုးလေးစားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံပြီး မတရား ထိန်းသိမ်း လုပ်ကြံမှုအပေါ် မခံမရပ်နိုင်ကြတဲ့ ပြည်သူပေါင်း မြောက်မြားစွာထဲကနေ ရဲဝန့် စွာနဲ့  လက်တွေ့ ကျကျ ပြောဆိုရဲတဲ့ ပြည်သူ့ သားကောင်းတစ်ဦး ပေါ်ထွက်ခဲ့ပါတယ်။
သြဂုတ်လ (၁၁) ရက်နေ့  မနေ့ တစ်နေ့ က နံနက် (၉) နာရီ၊ (၁၅) မိနစ်အချိန်ခန့် မှာ နေပြည်တော်၊ ပေါင်းလောင်း ကိုးလမ်းထိပ်မှာ ကဗျာဆရာ (ကို) ညီဗလ ဟာ “ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းလွှတ်” ဆိုတဲ့ စာတန်းပါ ဆိုင်းဘုတ်ကို ကိုင်ဆောင်ပြီး ရဲဝန့် စွာနဲ့  အာဏာရူးနအဖတွေရဲ့  မတရား ကလိမ်ကကျစ်ကျမှုကို ဆန့် ကျင်ဆန္ဒပြခဲ့ပါတယ်။

ထိုကဲ့သို့  လွတ်လပ်စွာ ရဲရဲဝန့် ဝန့် နဲ့  ဆန္ဒပြသူ ပြည်သူ့ သားကောင်း ကဗျာဆရာ (ကို) ညီဗလ ကို သူရဲဘောကြောင်ကြတဲ့ နအဖလက်ပါးစေတွေက ချက်ချင်းဘဲ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒီလို မိမိရဲ့  ခံစားမှုနဲ့  ဖြစ်ပျက်နေမှုအပေါ် အမှန်အတိုင်း ထုတ်ဖေါ်ပြောကြားရဲတဲ့ ကဗျာဆရာ (ကို) ညီဗလ ကို အထူးလေးစားရပါကြောင်း မှတ်တမ်းတင် ပြောကြားလိုပါတယ်။ မြန်မာပြည်သူတွေ တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့  တစ်ရာတစ်ထောင် စုပေါင်းဖွဲ့ ပြီး တစ်ပြိုင်နက် အင်တိုက်အားတိုက်သာ ယခုလို အခြေအနေမှာ အာဏာရူးနအဖကို ဆန့် ကျင်တော်လှန်ကြမယ်ဆိုရင် “အောင်ပွဲဆိုတာ တိုက်ရဲသူအတွက် ဖြစ်တယ်” ဆိုတဲ့ အဆိုစကားက မြေကြီးလက်ခတ် မလွဲ ဖြစ်မှာပါ။

1 comments:

Unknown said...

စောက်ရုး သေဒဏ်ပေးသင့်တယ် ဒါပင်မယ့် 
အင်တာနက်ပ်ါမှာလျှောက်ပြောပြီးပေါ်တင်
မလုပ်ရဲတဲ့ ကောင်တွေထက်တောင်သာတယ်
အင်တာနက်ပေါ်မှာလျှောက်ရေးတဲ့ ကောင်တွေ
မင်းတို့  အဲဒိကောင်ကိုအဖေလို့ ခေါ်သင့်တယ်
ကိုးကိုယ် ညတိုင်းဦးချ
သိလား
စောက်ရူးလေးတွေ