ဗွီအိုအေ၊ ဇွန်လ ၈ ရက် ၂၀၀၉
အစိုးရစစ်တပ်က ကရင်တိုင်းရင်းသား သူပုန်များအား ထိုးစစ်ဆင်လို့ မြန်မာ ၃,၀၀၀ လောက် ထိုင်းနယ်စပ်ကျော်ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ခဲ့ကြတယ်လို့ ထိုင်းစစ်တပ်နဲ့ ထောက်ပံ့ရေးအဖွဲ့များက ဆိုပါတယ်။
ကရင်ပြည်နယ် လယ်ပေါ်ဟွာ ဒုက္ခသည်စခန်းက အရပ်သား ၃,၂၉၅ ယောက် အနီး အနားက အစိုးရစစ်တပ်က လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ ထွက်ပြေးခဲ့ကြကြောင်း ထိုင်းနိုင်ငံအခြေစိုက် Free Burma Rangers ထောက်ပံ့ရေးအဖွဲ့က ကြေညာပါတယ်။
နှစ်နိုင်ငံနယ်စပ်မှာ မြန်မာစစ်တပ်နဲ့ ကရင်တိုင်းရင်းသား သူပုန်များ တိုက်ခိုက်ကြလို့ ကရင်တိုင်းရင်းသား ၃,၀၀၀ ကျော် ထိုင်းနိုင်ငံတွင်းကို ထွက်ပြေးလာကြကြောင်းထိုင်းစစ်တပ်ကလည်း ဆိုပါတယ်။
မြန်မာစစ်တပ်က ဒီကေဘီအေခေါ် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့များ အကူနဲ့ ကေအန်ယူ ကရင်တိုင်းရင်းသား သူပုန်များကို အရင်သီတင်းပတ်ကတည်းက တိုက်ခိုက်နေကြတယ်လို့ ထိုင်းအခြေစိုက် ထောက်ပံ့ရေးအဖွဲ့များကလည်း ပြောဆိုကြပါတယ်။
Tuesday, June 9, 2009
မြန်မာစစ်တပ် ထိုးစစ်ကြောင့် ကရင်တိုင်းရင်းသား ၃,၀၀၀ ကျော် ထိုင်းနယ်စပ် ထွက်ပြေး
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment