Tuesday, May 26, 2009

မြန်မာနိုင်ငံစစ်အာဏာရှင်တိုက်ဖျက်ရေး လူထုတပ်ဦး

မနေ့ကဖွဲ့စည်းလိုက်တဲ့ လူထုတပ်ဦးဖော်ဆောင်ရေး အဖွဲ့ ကို ဦးဇင်းတို့ကဂုဏ်ပြုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွင့်နဲ့
လက်ရှိဖြစ်ပေါ်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်ပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ကာ တံခါးပိတ် တရားစီရင်တာကို မကျေနပ်တဲ့ ကျောင်းသားလူငယ်၊ အန်အယ်ဒီလူငယ်တွေက မြန်မာနိုင်ငံစစ်အာဏာရှင် တိုက်ဖျက်ရေး လူထုတပ်ဦးကို ဒီကနေ့ မေလ ၂၅ ရက်နေ့ ရန်ကုန်မြို့မှာ ဖွဲ့စည်းလိုက်ပါတယ်၊၊

ဒီအဖွဲ့ကဒီကနေ့မှာထုတ်ပြန်ကြေငြာချက်တစောင်ထုတ်ခဲ့ပြန်ခဲတယ်လို့သိရပါတယ်။ဒီအဖွဲ့ကို နယ်မြို့တွေမှာလည်း တိုးချဲ့ဖွဲ့စည်းမှာ ဖြစ်တယ်လို့ လူထုတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုစစ်နိုင်က ပြောပြပါတယ်၊

လူထုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရုံးထုတ်ရာ အင်းစိန်ထောင်ကို အကျီ င်္အဖြူရောင်တွေ ၀တ်ဆင်ပြီး တအိမ်တယောက်နုန်းချီတက်ပေးပို့ကိုလည်း တိုက်တွန်းပြောဆိုနေပါတယ်။

မြန်မာနိုင်ငံစစ်အာဏာရှင်တိုက်ဖျက်ရေးလူထုတပ်ဦးအနေနဲ့လူထုကိုအမှန်တကယ်တပ်ဦးကနေ ဦးဆောင်နိုင်ပြီး စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းတိုက်ဖျက်နိုင်ပါစေလို့ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ ဆုတောင်ပေးပါတယ် အားလုံးလက်တွဲညီညာချီတက်ကြပါ။

အရှင်ထေရ၀ံသ
ပြည်တွင်းတစ်နေရာ

0 comments: