Saturday, May 23, 2009

မေလ (၂၂) ရက်နေ့ အင်းစိန်အခြေအနေနှင့် အထူးတရားရုံးအတွင်း အခြေအနေများ

အရှင်ထေရ၀ံသ

ဦးဇင်းဒီနေ့ တွေနေ့ကြ မိတ်ဆွေများနှင့် စကားလက်စုံကြနေ့ခိုက် ယနေ့  မေလ (၂၂) ရက်နေ့ အင်းစိန်အခြေအနေနှင့် အထူးတရားရုံးအတွင်း အခြေအနေများကိုကြားလိုက်ရတော့ စစ်အာဏာရှင်များရဲ့ လူတိုးပွဲ့ကြီးမပြီးနိုင်သေကြောင်းအများစုက ပြောဆိုကြပါတယ်။ အခုလေးတင်တဲ့ စစ်အာဏာရှင်များက လ၀က က သတင်းတပ်ဖွဲ့က ဒုရဲမှူး ၀င်းနိုင်ထွန်း ဆိုသူကို သက်သေထပ်ထည့်လိုက်ပြန်ပြီးတဲ့။ ဦးဇင်းတို့အားလုံး စိတ်မကောင်းဖြစ်ရပြန်ပါတယ။် အနီးက ခလေးတစ်ယောက်က ဦင်္းဇင်းလက်နက်သာရှိရင် စစ်အာဏာရှင်တွေကိုပြန်တိုက်မယ်ဘုရား ဒီနေ့ရာမှာ ဦးဇင်းခံစားရတာကတော ငါတို့လူကြီးတွေ ဒီခလေးလို့ စိတ်ရှိရင်သိပ်ကောင်းမှာဘဲ့လို့တွေမိပါတယ်။

စစ်အာဏာရှင်များက ဒေါ်အောင်ဆန်းစုကြည် အမှုကို လာမယ့် ရှေ့အပါတ် တနလာင်္နေ့ကို အထူးတရားရုံးက ရုံးပြန်ချိန်းပါတယ်။ စစ်ဆေးမေးမြန်းပြီးတဲ့အထဲက(၅)ယောက်ကိုပါပြန်လည်စစ်ဆေးမေးမြန်းမယ်လို့  သိရပါတယ်။ သက်သေ (၂၃) ဦးမှာ (၁၃) ယောက်ကို စစ်ဆေးမေးမြန်းပြီးကြောင်း သိရှိရပါတယ်

စစ်အာဏာရှင်များက ဒေါ်အောင်ဆန်းစုကြည်ကို မေးခွန်းအများအပြားမေးကြောင်းသိရပါတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေက အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) အချက်က သူဟာ ၀ီလီယန်ယက်တောကို လက်ခံတာ လူလူချင်းစာနာလို့ ဖြစ်ကြောင်း။
(၂) အချက်က သူ့ကြောင့် တခြားလူတွေ ဒုက္ခရောက်မှာစိုးလို့ မလုပ်ချင်လို့ပါလို့  ပြောပါတယ်။ သူကြောင့် ၀ီလီယန်ယက်တောရယ် တာဝန်ကျနေကြတဲ့ လုံခြုံရေးတွေရယ် ထိခိုက်မှာ စိုးလို့ပါလို့  ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိပါဘူးလို့  ပြောပါတယ်။ ဘာလို့လည်းဆိုတော့ သူဟာ ဘာအပြစ်မှ မကျူးလွန်တာကြောင့်ဆိုတာ ပြောပါတယ်။ ဒီအမှုနဲ့ ပက်သက်ပြီး ဆက်ပြောတာက -

တရားရုံးက(၁၅) မိနစ်လောက်နားမယ်ဆိုပြီ သတ်မှတ်လိုက်ပေမယ့် (၄၅) မိနစ်လောက်ကြာမှ ပြန်စပါတယ်။ တရားရုံး ပြန်စတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေကို ဘာမှ ကြိုတင်မပြောထားဘဲ သက်သေ တောင်းတာလုပ်ပါတယ်။ နောက်တစ်ခါ ရုံးချိန်းကျမှ တင်မယ်လို့ ပြောခဲ့ကြပါတယ်။

နောက်ပြီး ၀ီလီယန်ယက်တောက သူ့ကို မစစ်ခင်အချိန်မှာ၊ နောက်ဘက်ကို လှည့်ပြီး သူဖာသာ သူပြောနေတာတွေကြားတွေ့ရပါတယ်။ သူပြောဆိုရေရွတ်နေတာ “ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်မရှိဘူးလို့ သူပြောနေတာပါ။

မနက်ပိုင်းမှာ ၀ီလီယန်ယက်တောကို စစ်ပါတယ်။ ၀ီလီယန်ယက်တောကို စည်ပင်က မေးပါတယ်။ ဘာလို့အင်းယားကန်မှာရေကူးရတာလည်းဆိုတာမေးပါတယ်။ ၀ီလီယန်ယက်တောက သူရေထဲမှာ လမ်းမလျှောက်တက်လို့ ရေကူးရတာပါလို့  ပြန်ဖြေပါတယ်။

ဒီနေတရားရုံးကိုဒေါ်အောင်ဆန်းစုကြည်နေ့လည်ကျမှရောက်လာပါတယ်။ နေလည်(၁) နာရီမှာ ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းပါတယ်။

ဒီလို နအဖဘက်ကနေ ချက်ချင်းဘဲ လ၀က က သတင်းတပ်ဖွဲ့က ဒုရဲမှူး ၀င်းနိုင်ထွန်း ဆိုသူကို သက်သေထပ်ထည့်တာနဲ့  ပတ်သက်ပြီး၊ ရှေ့နေတွေက နအဖဘက်က အရင်ကတည်း ပေးထားတဲ့ (၂၂) ယောက်ထဲမှာ သူ မပါဖူးဆိုပြီး မေးခွန်းထုတ်ပါတယ်။ တရားရုံးက စာရွက်မှာကျတော့နောက်ဆက်တွဲစာရင်းမှာ သူတစ်ယောက်ထဲ ပါတယ်ဆိုပြီး လုပ်ချလိုက်ပါတယ်။

အထူးတရားရုံး အခြေအနေနဲ့  ပတ်သက်ပြီး ဆက်ပြောရရင် ယခင်နေ့ များက သက်သေ (၂၂)ဘဲသတ်မှတ်ထားရှိခဲ့တာပါ။ ဒီနေ့ကြတော့စစ်အာဏာရှင်းများကသက်သေတစ်ယောက်ထပ်တိုးပါတယ်။ လ၀က က သတင်းတပ်ဖွဲ့က ဒုရဲမှူး ၀င်းနိုင်ထွန်း ဆိုသူပါ။ ဒါကြောင့် ဒီနေ့မှာ သက်သေ စုစုပေါင်း (၂၃) ဦး ဖြစ်သွားပါတယ်။

မြန်မာပြည်ကဒုတိယမြောက်မုန်တိုင်း။ ယနေစစ်အာဏာရှင်များရဲ့၏အင်းစိန်တရားရုံးမှဒေါ်စုအားတရားစွဲတင်ရန်အမှုလက်ခံလိုက်ပြီးဖြစ်သည်။ တရားသူကြီးမှဒေါ်အောင်ဆန်းစုကြည်အားအပြစ်ရှိပါသလားဟုမေးရာ ဥပဒေချိုးဖောက်မှုမရှိပါသဖြင့်အပြစ်မရှိဟု ဒေါ်အောင်ဆန်းစုကြည်မှ တုံ့ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်တရားသူကြီးက ပြောတယ်။ အမှုကို တင်္နလာနေ့ရုံးချိန်းထားပါတယ်။ ဟုတ်ပါတယ်။ပြောပါတယ်။ ဒီနေ့မိုးရွာထဲစိုစွတ်ချမ်းအေးနေတဲ့ကြားထဲကတစ်နေကုန်သွားရောက်နေခဲ့ကြတဲ့အသက်အရွယ်ကြီးသူများကိုကြည့်ပြီး ကျန်တဲ့သူတွေအနေနဲ့ အင်စိန်းထောင်းရှေ့ကို သွားရောက်အားပေးစေချင်ပါတယ်။

အရှင်ထေရ၀ံသ


0 comments: