Wednesday, March 4, 2009

လွမ်းအတိတ် အရိပ်ပမာ

(၄)။

တောင်ပိုင်းဌာနချုပ်၊ ထပ်စကဲစခန်း။ စခန်းအနီးတ၀ိုက်တွင် မွန်ပြည်သစ်ပါတီမှ ရန်သူနှင့် အပစ်အခတ်ရပ်ဆဲရေးလုပ်သွားသဖြင့် ခွဲထွက်လာသော မွန်တပ်မတော်၊ မူဆလင်တပ်ဖွဲ့နှင့် ညောင်လေးပင်ရွာတိြုံ့ခံရံလျှက်။ စခန်းရှိ ပွိုင့်ကုန်မှနေ၍ လှမ်းကြည့်လိုက်လျှင် ထိုင်းနိုင်ငံ ထပ်စကဲမြို့နှင့် ထိုင်းပင်လယ်ပြင်ကို အတိုင်းသားလှမ်းမြင်ရမည်။ ထိုင်းနိုင်ငံအတွက် မဟာဗျူဟာအရ အချက်အခြားကျသောနေရာ။

“ဒီထပ်စကဲမြို့ကို သိမ်းလိုက်ရင် ထိုင်းနိုင်ငံရဲ့ခါးပိုင်းကို ဖြတ်လို့ရတယ်။ ဒါကြောင့် ထိုင်းအစိုးရက ဒီနေရာမှာ ဒီစခန်းရှိနေတာ သိပ်သဘောမကျဘူး” ဟု ရဲဘော်တဦးမှ ပြောသည်။

ကျနော်တို့အား ထိုင်းအစိုးရက ထိုပွိုင့်ကုန်းတွင်နေသည်ကို သိပ်မကြိုက်။ ၎င်းနယ်စပ်အနီးရှိ ထိုင်းလူထုက အတော်ကောင်းပါသည်။ ကျနော်တို့စခန်းဘေးရှိ ချောင်းအတိုင်း တနာရီခန့်သွားလျှင် ထိုင်းရွာတရွာကို ရောက်သည်။ ၎င်းရွာတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိထား လုပ်ကိုင်သည်။ ကျနော်တို့စခန်းအတွက် ရိက္ခာများထွက်ဝယ်လျှင် ညအိပ်တည်ခို၍ ရသည်။ တခါတရံ ထိုင်းလူထုတချို့သည် ၎င်းတို့ စိုက်ပျိုးခင်းထဲမှ ဟင်းသီးဟင်းရွက်များကို စခန်းအတွက် ပို့ပေးသည်။ ၎င်းတို့ ကျနော်အပေါ် စာနာနားလည်ကြောင်းကို ကျနော်တို့အား ပြောပြသည်။ ထိုအထဲတွင် ကျနော်တို့အခေါ် “လုံခင်း”နှင့် ၎င်းအိမ်သည် ကျနော်တို့အတွက် စားအိမ်သောက်အိမ်ဖြစ်သည်။

ထိုအချိန်သည် ကျနော်တို့ ABSDF ပြည်လည်ပေါင်းစည်းချိန်။ ကျောင်းသား တပ်မတော်တပ်ရင်းများပေါင်း၍ တပ်ရင်းဖွဲ့စည်းပုံအသစ်ကို ပြန်လည် ဖွဲ့စည်းသည်။ ကျနော် ဗဟိုဌာနချုပ်သို့ ခရီးထွက်ရသည်။ တပ်ဖွဲ့လုပ်ငန်းအတွက် နှစ်ဖက်အလုပ်အတူတူ လုပ်ဆောင်နိုင်ရန် ဖြစ်သည်။ ကျနော်အား ဗဟိုတပ်ဖွဲ့မှတပ်ဖွဲ့ဝင်အဖြစ် ပြန်လည် တာဝန်ပေးသည်။ တာဝန်ဖြင့် အသွားအပြန်ခရီးတွင် ဘန်ကောက်သို့ ၀င်ရသည်။ ကျနော် မည်သူဆီကိုမှမသွားတော့။ ဘန်ကောက်ရောက်နေစဉ် အခန်းအောင်း၍ စာဖတ်နေလိုက် သည်။


ထပ်စကဲစခန်းဟု ခေါ်သော ကျနော်တို့ကျောင်းသားတပ်မတော်တွင် အမှတ် (၁၀၂) တပ်မတော်၊ အမှတ် (၂၀၃) တပ်မတော်၊ အမှတ် (၂၀၁) တပ်မတော်၊ အမှတ် (၉၀၉) တပ်မတော်တို့ဖြင့် တပ်ရင်း (၄) ရင်း အခြေချနေထိုင်သော စခန်းဖြစ်သည်။ ထိုအချိန်က ကျနော်တို့တပ်သည် တနင်္သာရီတိုင်းအတွင်းနှင့် ပင်လယ်ပြင်စိုးမိုးရေးလှုပ်ရှားတပ်များဖြင့် ကျရာတာဝန်များကို ထမ်းဆောင်နေကြသည်။ ထိုအချိန်တွင် အမှတ် (၂၀၃) တပ်ရင်းမှ ကိုထိန်လင်းနှင့်အတူ တပ်ဖွဲ့အချို့သည် မည်သို့ ဖြစ်သွားသည်မသိ။ ထိုင်းအစိုးရထံသို့ လက်နက်ချပြီး UNHCR ဒုက္ခသည်အဖြစ် ခံယူလိုက်သည်။ နောက်တနှစ်နီပါးခန့်တွင် တပ်ရင် (၂၀၃) မှ ကိုဝင်းနိုင်နှင့်အတူ ရှေ့တန်းရောက်တပ်ဖွဲ့များအားလုံး ရန်သူထံ လက်နက်ချသည်။ ပင်လယ်ပြင်စိုးမိုးရေးလှုပ်ရှားတပ်ဖွဲ့သည်လည်း ပင်လယ်ပြင်တွင် အခြေအမှုန်းခံရသည်။ ကျနော်တို့လှုပ်ရှားရာဒေသတွင် ရန်သူလှုပ်ရှားမှုများ စိတ်လာသည်။

၎င်းဒေသတွင် ကျနော်တို့ကြာကြာမနေလိုက်ရ။ ကျနော်တို့ဘေးနားရှိ မွန်တပ်ဖွဲ့မှ ရန်သူနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်သည်။ မွန်တပ်ဖွဲ့အပစ်အခတ်ရပ်စဲရေးမလုပ်ခင် ထုံးစံအတိုင်း ရန်သူမှ ထိုးစစ်ဆင်သည်။ ထိုတိုက်ပွဲတွင် ကိုကျော်ကိုကို (ဗဟိုကော်မတီ) ဒဏ်ရာရသည်။ ကျနော်တို့ စခန်းပြောင်းရွေ့ရသည်။

4 comments:

LITTLE BURMA GROCERY said...

စာရေးသူအမည်လေး သိပါရစေ။
ထပ်စကဲရောက် (၂၀၈)တပ်ရင်းအကြောင်းလေးသိချင်
လို့ပါ။ ကျနော်က အိမ်ဖြူတော်မှာ အ၀င်အထွက်လုပ်ခဲ့
တဲ့သူပါ။

LITTLE BURMA GROCERY said...

ရိုးရိုးသားသားပြောရယင် မတရားအကျဉ်းချထားတဲ့
ရဲဘော်တွေကို ထောင်ကထုတ်ပြီး လူသက်သမား
ဝင်းချိုကို ဖမ်းပြီး သက်ဖို့ အမိန့်ပေးခဲ့တာ ကျနော်ပါ။

LITTLE BURMA GROCERY said...

ထပ်စကဲအကြောင်း ပြည့်ပြည့်စုံစုံ လေးဖြစ်သွားအောင်
သမိုင်းအမှန်လေးကို ပြောပြချင်တယ်ဗျာ။

Anonymous said...

Gold key link for (wow power leveling) the law by all, such (wow power leveling) as bubble shadow dream (wow power leveling) hallucinations, such (power leveling) as exposed as well as (wow gold) electricity, should be (wow powerleveling) the case zhang xiao chen