မဇ္ဈိမ-မုံပီး၊ ဖေဖေါ်ဝါရီလ ၄ ရက် ၂၀၀၉
နယူးဒေလီ (မဇ္ဈိမ)။ ။ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံသို့ မကြာသေးခင်က သွားရောက်လည်ပတ်ခဲ့သော သူ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီတို့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကြာသာပတေးနေ့တွင် တွေ့ဆုံဆွေးနွေးမှာဖြစ်ကြောင်း ကုလအရာရှိတဦးအပြောအရ သိရသည်။
" သူတို့နှစ်ယောက်လုံး ကြာသာပတေးနေ့မှာ ဒီမှာရှိမယ်။ ခရီးစဉ်အသေးစိတ်တော့ မသိဘူး" ဟု နယူးဒေလီအခြေစိုက် ကုလသမဂ္ဂရုံး အရာရှိတဦးက ပြောသည်။
ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ မာရီ အိုကာဘီက နယူးယောက်တွင် သတင်းထောက်များကို ပြောကြားရာတွင် " ကုလသံတမန် (ဂမ်ဘာရီ) သည် အထွေထွေအတွင်းရေးမှုးချုပ်နှင့် အိန္ဒိယတွင် ကြာသာပတေးနေ့တွင် တွေ့ဆုံကာ သူ၏ ခရီးစဉ်မှတွေ့ရှိရချက်များကို အစီရင်ခံတင်ပြပါမယ်" ဟု ပါရှိသည်။
ဘန်ကီမွန်းသည် နယူးဒေလီကို ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ရောက်ရှိမှာဖြစ်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပရာနတ် မူကာဂျီးနှင့် ဒေသတွင်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိသည်။
" ကျနော်တို့ (ယူအန်)က အစည်းအဝေးအတွက် မေတ္တာရပ်ခံထားပါတယ်။ ဖြစ် မဖြစ်ကတော့ မသိသေးဘူး" ဟု ကုလအရာရှိက ပြောသည်။
ဘန်ကီမွန်းသည် " ရေရှည်ခိုင်ခံ့ဖွံ့ဖြိုးရေး ဒေလီ စုံညီညီလာခံ ၂၀၀၉" ကိုလည်း တက်ရောက်မှာဖြစ်ကြောင်း ကမကထပြုသူများက ပြောကြားသည်။
Thursday, February 5, 2009
ကုလအကြီးအကဲနှင့် ဂမ်ဘာရီ ဒေလီတွင် တွေ့ဆုံမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment