မဇ္ဈိမသတင်းဌာန၊ ဖေဖော်ဝါရီလ ၁၃ ရက် ၂၀၀၉
နယူးဒေလီ (မဇ္ဈိမ)။ ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဂျီ ကွင်တားနား စနေနေ့တွင် မြန်နိုင်ငံသို့ ရောက်ရှိပြီး ခြောက်ရက်ကြာမြင့်မည့် ခရီးစဉ်ကို စတင်မည်ဖြစ်ကြောင်း ကုလသမဂ္ဂရုံးက ကြေညာလိုက်သည်။
ကုလသမဂ္ဂရုံးက သောကြာနေ့တွင် ထုတ်ပြန်သော ကြေညာချက်တခုအရ ကွင်တားနားသည် သြဂုတ်လ ၂၀၀၈ ခုနှစ်က သွားရောက်ခဲ့သော ခရီးစဉ်နောက်ပိုင်း တိုးတက်ဖြစ်ထွန်းမှုများနှင့် ပတ်သက်၍ လေ့လာပြုစုသွားမှာ ဖြစ်သည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၉ ရက်အထိကြာမြင့်သော အထူးသံတမန်၏ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ ကရင်နှင့် ကချင်ပြည်နယ်များသို့ပါ သွားရောက်ပြီး နိုင်ငံရေးအကျဉ်းသားများစွာနှင့် တွေ့ဆုံခွင့်ပြုရန် မေတ္တာရပ်ခံထားသည်ဟု ကုလသမဂ္ဂရုံးက ပြောသည်။
မြန်မာစစ်အစိုးရအနေဖြင့် အခြေခံ ပြည်သူပြည်သားအခွင့်အရေးများ ဆုံးရှုံးစေသည့် ဥပဒေများကို ပြန်လည်ပြင်ဆင်မှုပြုပြီး နိုင်ငံတ၀ှမ်းအကျဉ်းထောင်များတွင် ချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကို လွှတ်ပေးမှုများ ပြုလုပ်ရန် ကွင်တားနားက စစ်အစိုးရကို အကြံပြုထားခဲ့ဖူးသည်။
ထို့အပြင် စစ်တပ်ကို လူ့အခွင့်အရေးကို လေးစားလိုက်နာရန် လေ့ကျင်ပေးရေး၊ ပြုပြင်ပြောင်းလဲမှုလုပ်ရန်နှင့် လွတ်လပ်သော တရားစီရင်ရေးစနစ်ဖြစ်အောင် အပြောင်းအလဲလုပ်ရန်တို့ပါဝင်သည်။
စစ်အစိုးရ၏ ဒီမိုကရေစီသို့ကူးပြောင်းရေးအဆင့် ၇ ဆင့်အနက် ၅ ခုမြောက်ဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အဆိုပါ အချက် ၄ ခုကို လုပ်ဆောင်သွားရန် ကွင်တားနားက ပြောဆိုထားသည်။
ဂျနီဗာအခြေစိုက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မေ ၂၀၀၈ ခုနှစ်တွင် ခန့်အပ်ခဲ့အပြီး အထူးသံတမန်၏ ယခုခရီးစဉ်သည် ဒုတိယကြိမ်မြောက်ဖြစ်လာခဲ့သည်။
Saturday, February 14, 2009
ကုလလူ့အခွင့်အရေး အထူးသံ မြန်မာပြည်သို့ ပြန်လာမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment