Tuesday, February 10, 2009

ဒုတိယ အပတ် ပိုက်ဆံပေါ်မှလွတ်မြောက်ရေးစာသားများ

ဖေဖော်ဝါရီလ ၁၀ ရက် ၂၀၀၉

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဇန်န၀ါရီ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ကျေညာချက် ၂ / ၀၁ တွင် ပါရှိသော ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် တိုင်းသူပြည်သားများက ၀ိုင်းဝန်း ထောက်ခံကြရန် ဟူသော တောင်းဆိုချက် ကို ထောက်ခံသောအားဖြင့် လူငယ် အင်အားစု အဖွဲ့မှ ငွေစက္ကူပေါ်တွင် လွတ်မြောက်ရေး စာသားများ ရေးထိုးပေးကြရန် တောင်းဆိုလိုက်သည်။

ယခုကဲ့သို ငွေစက္ကူပေါ်တွင် လွတ်မြောက်ရေး စာသားများရေးကာ February နှင့် March လ နှစ်လတိုင်တိုင် ဆန္ဒပြ တိုက်ပွဲဝင်ရန် လုပ်ဆောင်သွားမည်ဟုပြောဆိုသည်။ ပြည်သူတရပ်လုံးအား ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်လိုက်သည်။

ပြည်ပတွင်ရှိနေသော အင်အားစုများအနေဖြင့်လည်း blog ၊ email ၊ phone ၊ radio စသည့်နည်းလမ်းပေါင်း စုံကို သုံးကာပြည်တွင်း သို့ အဆက်မပြတ် ပန်ကြားပေးရန်လည်း ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

0 comments: