Thursday, October 2, 2008

အဖမ်းခံရသည့် လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင် ပျောက်ဆုံးနေဟု မိသားစုကပြော

ခေတ်ပြိုင်-မင်းနိုင်သူ/ ၂ အောက်တိုဘာ ၂၀၀၈။ ။

ဦးအုန်းကြိုင်အား ရဲမှူးကြီး ၀င်းမောင် ဦးဆောင်သည့် အဖွဲ့ဝင် (၁၀) ဦးခန့်က ည (၁၀) နာရီခန့်က တောင်ဥက္က လာပမြို့နယ် နေအိမ်သို့ လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဦးအုန်းကြိုင်၏ သားက ခေတ်ပြိုင်သို့ ပြောပြသည်။

ဖမ်းဆီးသည့် အဖွဲ့ဝင်များက တအိမ်လုံး ရှာဖွေခဲ့ပြီး စာရွက်စာတမ်းများကိုပါ သိမ်းစည်းသွားသည့်အပြင် ဦးအုန်းကြိုင် ကိုင်ဆောင်သည့် လက်ကိုင်တယ်လီဖုန်းကိုလည်း သိမ်းယူသွားကြောင်း ဆက်လက်ပြောပြသည်။

ဦးအုန်းကြိုင်သည် အသက်(၆၄) နှစ်ရှိပြီဖြစ်ပြီး နှလုံးရောဂါ၊ သွေးတိုးရောဂါများ ခံစားနေရသဖြင့် မိသားစုက စိတ်ပူနေသည်။ ယခု သတင်းရေးသည့် အချိန်ထိ ဦးအုန်းကြိုင်အား မည်သည့်နေရာတွင် ဖမ်းဆီး ချုပ်နှောင် ထားမှန်း မသိရဟု မိသားစုက ပြောသည်။

0 comments: