Friday, October 3, 2008

မြန်မာနိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးဖို့ ကုလလူ့အခွင့်အရေးမဟာမင်းကြီးတောင်းဆို

ခေတ်ပြိုင်-UN/ ၃ အောက်တိုဘာ ၂၀၀၈။ ။

မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာအရပ်ရပ်ရှိ အကျဉ်းထောင်များ၊ ထိန်းသိမ်းရေးစခန်းများ၌ အကျဉ်းခံနေရပြီး လွတ်လပ်မှု ဆုံးရှုံးနေသူများ၏ အခက်အခဲများကို ပိုမိုဂရုစိုက်ကြရန် ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးက တောင်းဆို လိုက်သည်။

ဆွတ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Navanethem Pillay က ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရက နိုင်ငံရေးအကျဉ်းသား (၇) ဦးလွှတ်ပေးခြင်းကို ကြိုဆိုသော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်း သား မှန်းခြေ (၂,၀၀၀) ကျော်ရှိနေသည့်အတွက် ယခုလွှတ်ပေးသည့်ကိစ္စမှာ မပြောပလောက်ဟု Ms. Pillay က ပြော သည်။ ထို့ကြောင့် ကျန်သည့် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် မြန်မာစစ်အစိုးရအား တောင်းဆိုလိုက် ကြောင်းလည်း ထပ်လောင်းပြောဆိုသည်။

0 comments: