ခေတ်ပြိုင်-ကိုဝိုင်း/NEJ ၂ အောက်တိုဘာ ၂၀၀၈။ ။
အင်းစိန်ထောင်၌ ထိန်းသိမ်းခံထားရသူ အန်အယ်ဒီ သင်္ဃန်းကျွန်းမြို့နယ်လူငယ်အဖွဲ့ဝင် ကိုမြသန်းထိုက်အား ကျောက်တံတားမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၄) နှစ် ယနေ့ ချမှတ်လိုက်သည်။
၎င်းအား လူစုလူဝေးပြုလုပ်မှု ပုဒ်မ (၁၄၅) ဖြင့် ထောင်ဒဏ် (၂) နှစ်၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် (၂) နှစ် ပေါင်း (၄) နှစ်ချလိုက်ခြင်းဖြစ်သည်။
ကျောက်တံတားမြို့နယ်တရားရုံးသို့ အင်းစိန်ထောင်မှ သွားရောက်အမှုရင်ဆိုင်နေရသူ ကိုမြသန်းထိုက်သည် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် သေနတ်ထိမှန်ခဲ့သူဖြစ်သည်။ ရန်ကုန်ဆေးရုံကြီး၌ ဆေးကုနေစဉ် ရဲကလာရောက်ဖမ်းဆီးခဲ့ပြီး ဂျီတီအိုင်ကျောင်းဝင်းအတွင်း ခေတ္တထိန်းသိမ်းထားရာက တဆင့် အင်းစိန်ထောင်သို့ အပို့ခံထားရသူဖြစ်ကြောင်း ၎င်း၏ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးအောင်သိန်းကပြောသည်။
အဆိုပါ စီရင်ချက်နှင့်ပတ်သက်၍ ဦးအောင်သိန်းက “သေနတ်ဒဏ်ရာလည်း ထိမှန်သေးတယ် ထောင်လည်းကျသေးတယ်ပေါ့ ဗျာ” ဟုမှတ်ချက်ပေးသည်။
Thursday, October 2, 2008
စက်တင်ဘာ အရေးအခင်းမှာ သေနတ်မှန်သူ အန်အယ်ဒီလူငယ်ကို ထောင် (၄) နှစ်ချ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment