ညီညွတ်ခြင်းနဲ့ အားမာန်အဟုန်
အာဇာနည် စိတ်နဲ့ ပေးဆပ်ဖို့လို
ဖြူစင်ခြင်းနဲ့ ယုံကြည်မှု ကျောက်တိုင်ကို
ငါတို့ သွေးနဲ့၊ ချွေးနဲ့ စိုက်ထူကြစို့ တို့ညီအစ်ကို…
အမှောင်ကိုကြိုက်တဲ့ မကောင်းတဲ့ မိတ်ဆာ
အမှန်တရားကို ဖုံးဖိထားကြတာ
မျှော်လင့်ခြင်း ဆိုတဲ့ အလင်းရောင်
သူတို့တွေကြောင့် ဆိတ်သုန်း မဲမှောင် …
အာဏာကို မမြင်ဖူး မရဖူး အာဏာရူး
အရူးအမူး အငမ်းမရ ဖက်တွယ်ကာနေ
ရလေ လိုလေ ရမက်က မပြေ
ဘီလူး သရဲ စိတ်နဲ့ ဆက်ကာမိုက်နေ …
လက်နက်ဖြင့် မောက်မာနေတဲ့ အာဏာရှင်
သေပါသော်လည်း အသေမဖျောက်နိုင်မှာ အမှန်
အရိပ်မည်းက သူတို့နောက်မှာ ထပ်ကြပ်မကွာ
သူတို့၏ သာစဉ်မြေးဆက် အတွက် ရင်လေးနေမှာ …
အားလုံးသော တို့မြန်မာပြည်သားတွေ
ရဲစွမ်းသတ္တိ ရှိရမည်
ညီညာ လုံးလ ၀ိရိယစိုက် မတည်
တို့တိုင်းပြည်အနာဂါတ် ငြိမ်းချမ်းသာယာ စေရမည် …
ဘိုးတော်
(၁၄-၉-၂၀၀၈)
Monday, September 15, 2008
ညီညွတ်ခြင်းနဲ့ အားမာန်
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment