ဧရာဝတီ-အေးလဲ့ | စက်တင်ဘာ ၃၀၊ ၂၀၀၈
ယခုလအတွင်း ရန်ကုန်နှင့် စစ်တွေမြို့များတွင် စစ်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများရှိသဖြင့် အာဏာပိုင်တို့က လုံခြုံရေး တင်းကြပ်ထားရာ ဒေသခံလူထုအကြား စိတ်အနှောက်အယှက်ဖြစ်ရကြောင်း ဒေသခံများက ပြောသည်။
ရန်ကုန်မြို့ခံတဦးက “ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ် ဗဟန်းဘက်မှာ အဘိဓမ္မာစာမေးပွဲဖြေနေတာရှိတယ်၊ လူ၊ ရဟန်း၊ သီလရှင်တွေ စာမေးပွဲဖြေနေတာရှိတယ်၊ အဲဒီလမ်းတွေကိုပိတ်ပြီးတော့ ဝတ်စုံအပြည့်နဲ့ ရဲတွေက ဒိုင်းတွေ၊ တုတ်တွေနဲ့ စောင့်ကြည့်နေတယ်။ စစ်တပ်ကား ၃ စီးချထားတယ်၊ ဒါကြောင့် စာမေးပွဲဖြေတဲ့သူတွေ စိတ်အနှောက်အယှက်ဖြစ်နေကြ တယ်” ဟု ပြောသည်။
ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမထောင့်လေးထောင့်တွင်လည်း ရဲဝတ်စုံအပြည့်နှင့် လုံခြုံရေးများအပြည့်ရှိပြီး ခန်းမ ပတ်ပတ်လည်တွင် လုံခြုံရေးကင်မရာများ တပ်ဆင်ထားသည်ကို မြင်တွေ့ရကြောင်း ရန်ကုန်မြို့ခံက ပြောသည်။
ရန်ကုန်ရှိ လုပ်ငန်းရှင်တဦးက “မြို့ထဲမှာ ရဲနဲ့ စစ်ဆေးရေးတွေချထားတယ်၊ လမ်းသွားရင်း သူတို့မသင်္ကာရင် မသင်္ကာသလို ခေါ်စစ်တယ်၊ ဒီတော့ မလိုအပ်ဘဲနဲ့ အိမ်အပြင် မထွက်ရဲလောက်အောင်ဖြစ်နေတယ်” ဟု ပြောသည်။
လွန်ခဲ့သည့်အပတ် စနေနေ့က စစ်တွေမြို့တွင် သံဃာတော်အပါး ၁၀၀ ကျော် ဆန္ဒပြခဲ့ပြီးနောက် ရခိုင်ပြည်နယ် စစ်တွေမြို့ အနှံ့အပြားတွင် လုံထိန်းရဲတပ်ဖွဲ့များအပြည့်ချထားပြီး စစ်အရာရှိများကိုယ်တိုင် ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်တလျောက် စကားပြောစက်များဖြင့် အခြေအနေများကို တင်ပြနေရကြောင်း စစ်တွေမြို့ရှိ တက္ကသိုလ်ကျောင်းသားတဦးက ပြောသည်။
“သံဃာတော်တွေဆန္ဒပြပြီးတဲ့နောက် တမြို့လုံးအနှံ့မှာ တွေ့နေရတယ်၊ တရပ်ကွက် ၁၀ ယောက်လောက် လက်ပတ်အနီ ဝတ်တွေနဲ့ အစောင့်ချထားတာ တွေ့တယ်။ ဘုန်းကြီးကျောင်းအနားမှာ အရာရှိတွေကိုယ်တိုင် စောင့်ကြည့်နေကြပြီး စကား ပြောစက်တွေနဲ့ သတင်းပို့နေကြတယ်” ဟု ၎င်းကျောင်းသားက ပြောသည်။
လုံထိန်းရဲတပ်ဖွဲ့ဝင်များတင်ဆောင်ထားသည့် စစ်ကားများက စစ်တွေရှိ အတုလမာရဇိန်ပြည်လုံးချမ်းသာ ဘုရားကြီး၊ လောကနန္ဒာဘုရား အနီးးတဝိုက်တွင် အသင့်အနေအထားဖြင့် စောင့်ကြည့်နေကြကြောင်း သိရသည်။
အဆိုပါ ဘုရားကြီးတွင် ယခင်နှစ် စက်တင်ဘာလအတွင်းက ထောင်နှင့်ချီသည့်သံဃာတော်များ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒပြခဲ့ကြသည်။
ရန်ကုန်မြို့တွင်လည်း စွမ်းအားရှင်များကို တိုးချဲ့ရန်အတွက် မရက က တရပ်ကွက်လျှင် လူ ၁၅ ယောက် ပေးရမည်ဟု ရပ်ကွက်သူကြီးများထံ တောင်းဆိုထားကြောင်း သိရသည်။
၂၀၀၇ခုနှစ်စက်တင်ဘာလ ၅ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းပခုက္ကူမြို့ရှိ သံဃာတော်များ၏ မေတ္တာပို့ လမ်းလျှောက်ပွဲ ကို စစ်အစိုးရက အကြမ်းဖက်ဖြိုခွဲသောကြောင့် ၎င်းလုပ်ရပ်အား မတောင်းပန်ပါက ပတ္တနိက္ကုဇ္ဇန ကံဆောင်မည်ဟု ရာဇသံ ပေးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့တွင် နိုင်ငံတ၀န်လုံးရှိ သံဃာတော်များ ကံဆောင်ခဲ့ကြရာ ကျောင်းသား၊ ပြည်သူများ၏ အားပေးထောက်ခံမှုကိုရရှိခဲ့သော် လည်း စက်တင်ဘာ ၂၇ ရက်မှစ၍ ပြီး စွမ်းအားရှင်များက အကြမ်းဖက် ဖြိုခွဲခြင်း ခံခဲ့ရသည်။
ယခုလ ၂၆၊ ၂၇ ရက်နေ့တွင် လုံခြုံရေးပိုမိုတင်းကြပ်ခဲ့ကြောင်းလည်းသိရသည
Wednesday, October 1, 2008
ရန်ကုန်နှင့် စစ်တွေတွင် လုံခြုံရေး တိုးချထား
Subscribe to:
Post Comments (Atom)

2 comments:
No need to Walk on the road. Please RECITE " MITTA THOTE" FROM OWN BUILDING.We all can do easily and peacefully. BUT SHOUD BE THE SAME TIME. NOW ONE MYAN YOUTH GROUP IS RECITING MITTA THOTE EVERY 8:10 PM TO 9:00 PM, SINCE LAST SEPTEMBER 18, 08. We will recite till to get the victory.The military Genta, they afraid it very much. WHEN the whole country recite MITTA thote at the same time, We Shall WIN. Please DO IT NOW.
Yes, I agreed. I know that group Named " MYO MYANMAR ".Who is stronger - NaWaTa or Arr Lar Wa Ka BeLu? Let recite the MITTA from our own building( Monestry,Teashop,home, school, every where, we can ).
Post a Comment