နိရဉ္စရာ၊ စက်တင်ဘာလ ၁၈ ရက် ၂၀၀၈
ရခိုင်ပြည်နယ် မြို့တော်တွင် ရဟန်းတော်များအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အနီးကပ် စောင့်ကြည့်နေချိန်တွင် တချို့ ရဟန်းတော်များအား အာဏာပိုင်များက လိုက်လံ ရှာဖွေနေကြောင်း သတင်းရရှိသည်။
အမည် မဖေါ်လိုသူ ရဟန်းတော် တပါးက “သူတို့ အခုလိုက်ရှာနေတဲ့ ရဟန်းတော် တပါးက တန်ခိုးကျောင်းက ဦးဇင်းဇေယျသေန ဖြစ်ပါတယ်။ ကျောင်းတချို့ကို ၀င်ရောက်ပီး သူရှိ မရှိ - ရောက် မရောက်ကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။” ဟု ပြောသည်။
သို့သော်လည်း မည်သည့်အတွက်ကြောင့် အဆိုပါ ဦးဇင်းအား သက်ဆိုင်ရာ အာဏာပိုင်များက လိုက်လံ ရှာဖွေနေမှု ပြုလုပ်နေခြင်းကို သည်းကွဲစွာ မသိရှိရသေးကြောင်း သိရှိရသည်။
ယခုကဲ့သို့ အာဏာပိုင်များဘက်မှ ရဟန်းတော် တပါးကို လိုက်ရှာနေခြင်းကြောင့် စစ်တွေတွင် ရဟန်းတော်များက သူတို့ နေထိုင်ရာ ကျောင်းများအား အနီးကပ် စောင့်ကြည့် နေကြကြောင်း သတင်းရရှိသည်။
Friday, September 19, 2008
စစ်တွေတွင် ရဟန်းတော် တပါးကို အာဏာပိုင်များက ပိတ်စိတ်တိုက် လိုက်လံ ရှာဖွေ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment