Tuesday, August 12, 2008

အဖမ်းခံဗကသကျောင်းသားများ၏မိသားစုများမှမေတ္တာရပ်ခံချက်

မကြာသေးခင်ကအဖမ်းခံရတဲ့ဗကသကျောင်းသားတွေရဲ့မိသားစုတွေကနေနိုင်ငံတကာရောက်လူငယ်တွေကတဆင့် ဒီမိုကရေစီရေးအတွက်ကြိုးစားလုပ်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေကိုမေတ္တာရပ်ခံလိုက်ပါတယ်။ ဖြစ်ပုံကဒီလိုပါ။
(၁) အဖမ်းခံရပြီးပြန်လွတ်လာတဲ့“မခင်ငြိမ်းချမ်းစိုး” ဟာ ၊ပြည်ပကထုတ်ဝေတဲ့ကြေငြာချက်(Statement) တစောင်ကြောင့်
ပြန်အဖမ်းခံခဲ့ရပါတယ်။
(၂) ပြည်ပကဦးစီးထုတ်ဝေတဲ့ဂျာနယ်တခုကြောင့်မြစ်ဝကျွန်းပေါ်မှာလူသေအလောင်းတွေသွားမြှုပ်လို့အဖမ်းခံထားရတဲ့လူတွေ
စစ်ကြောရေးစခန်းမှာပြန်လည်ညှင်းဆဲနှိပ်စက်ခံခဲ့ရသလို၊ တချို့ကျောင်းသူတွေရဲ့ထောင်ဝင်စာတွေ့ခွင့်တွေအပိတ်ခံလိုက်ရပါတယ်။

ဒါကြောင့်အဖမ်းခံရတဲ့မိသားစုတွေက “သက်ဆိုင်ရာမိသားစုတွေကိုအသိပေးအကြောင်းကြားခြင်းမရှိပဲကြေငြာချက်တွေမထုတ်ဖို့၊
အဆက်အသွယ်ရှိကြောင်းကိုတိုက်ရိုက်နည်းနဲ့ဖြစ်ဖြစ်၊သွယ်ဝိုက်သောနည်းနဲ့ဖြစ်ဖြစ်မီဒီယာတွေကတဆင့်အင်တာဗျူး
မလုပ်ကြဖို့၊ သူတို့ရဲ့ဒုက္ခတွေကိုငြိမ်သက်စွာကူညီကြဖို့” တိုက်တွန်းတောင်းဆိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

အဖမ်းခံကျောင်းသားများ၏ မိသားစုများကိုယ်စား

3 comments:

မာတလိ said...

ကြည့်လဲလုပ်ကြဖို့ထပ်ဆင့်မေတ္တာရပ်ခံပါတယ်အပြင်က
ဆရာတို့၊ ဒီကအခြေအနေဒီကလူတွေအသိဆုံးပါ

ကန့်ကေ် said...

တခါတလေကျတော့ အပြင်က မီဒီယာတွေဟာ န၀တရဲ့ သတင်းပေး အလုပတွေကိုချည်း လုပ်ပေးနေသလို ခံစားရတယ်၊

BURMA STATEMENT said...

မီဒီယာများကြောင့် ထောင်ကျ အဖမ်းခံရ မှုများ မှာ ယခုကြားနေ ရခြင်း များသည် ပထမဆုံး အကြိမ်မဟုတ် သလို နောက်ဆုံး အကြိမ်လည်း မဖြစ်နိုင်သေးပါ၊ အား လုံး သတိကြီးစွာ ထားကြပါရန်၊