Saturday, May 10, 2008

တွံတေးမြို့နယ်မှ ဒုက္ခသည်များ ကူညီသူမဲ့

ခေတ်ပြိုင်-ကျော်ထင်/ ၁၀ မေ ၂၀၀၈

မုန်တိုင်းဒဏ်ကြောင့် တရွာလုံးနီးပါးပျက်စီးသွားသည့် ရန်ကုန်တိုင်း တွံတေးမြို့နယ်၊ ရွှေလှေချောင် ကျေးရွာမှ ဒုက္ခသည်များ လှိုင်သာယာ- တွံတေးကားလမ်းပေါ်ရှိ ဘီအိုစီ အ၀ိုင်း၊ ပန်းလှိုင်တံထား ထိပ် ကားမှတ်တိုင်တွင် စုဝေးရောက်ရှိနေကြသည်။

ယနေ့ နေ့လည်တွင် လူ (၁၅၀) ခန့်ရှိ လူအုပ်ကြီးသည် ၎င်းတို့ ယခင် ခိုလှုံနေထိုင်ခဲ့သည့် ရွှေလှေချောင် ဘုန်းကြီးကျောင်းတွင် နေထိုင်စားသောက်ရေးအခက်ခဲကြောင့် ရွှေလင်ဗန်း စက်မှုဇုံအနီး၊ အလယ်ရွာ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ရန် ရောက်ရှိလာကြခြင်းဖြစ်သည်။

ဒုက္ခသည်တဦးက “ဘယ်သူမှ လာမကူဘူး၊ မနက်ကတုံးကတော့ ဓါတ်ပုံလာရိုက်သွားတယ်၊ ဗိုလ် ကြီးတယောက်ပဲ၊ အခုကတော့ နားစရာ၊ နေရာမရှိသေးဘူး၊ ဒီလိုပဲ ဒီကြားထဲ နေစရာလိုက်ရှာရမှာပဲ၊ ရွာလူကြီးကတော့ ရွာကနေ ဒီနေရာထိ ရောက်ဖို့ပဲ စီစဉ်ပို့ပေးတာ” ဟုပြောသည်။

သို့သော် ရွှေပြည်သာ စက်မှုဇုံအနီး၊ အလယ်ရွာ ဘုန်းကြီးကျောင်းတွင်လည်း ဒုက္ခသည်များဖြင့် ပြည့်နေသဖြင့် ၎င်းတို့အား လက်မခံသောကြောင့် ဇာတိရွာကို ပြန်ကြမည်ဟု သိရသည်။

အခြားဒုက္ခသည်တဦးက “ဒီကြားထဲ ကိုယ့်ရွာကို ပြန်ဖို့ကလည်း လမ်းစရိတ်က မရှိဘူး၊ စားဖို့ ကလည်း အခက်ခဲတွေ ရှိတယ်၊ အိုးတွေခွက်တွေလည်းမပါဘူးလေ၊ သွားမယ့်နေရာ မရှိဘူး ဆိုရင်တော့ ဒီမှာပဲ အိပ်ရမှာပဲ” ဟုပြောသည်။

စစ်အစိုးရပိုင် မီဒီယာများတွင် ပြည်ပထောက်ပံ့ရေးပစ္စည်းများသယ်ဆောင်လာသည့် လေယာဉ်ကြီး များ ဆိုက်ရောက်လာပုံများနှင့် ကူညီသည့်အထောက်ပံ့များကို ဒုက္ခသည်များထံ ထိရောက်လျှင်မြန် စွာ ဆောင်ရွက်ပေးနေသည်ဟု ဖော်ပြနေသော်လည်း ရန်ကုန်အနီးအနားရှိ ဒုက္ခသည်များသည်ပင် အကူညီမရကြသေးပေ။ ။

1 comments:

Unknown said...

Hey, now the SPDC has announced that nobody can go to that affacted areas after the 13th. So, only 2 days left to pick the victims from that areas. Which kind of transportati can bring all those victims in that really short time? They said they will shoot someone comes to that areas after the 13th.