မဇ္ဈိမသတင်းဌာန၊ မေလ ၁၀ ရက် ၂၀၀၈
ချင်းမိုင်။ ။ ရန်ကုန်တိုင်း တခုတည်းတွင်ပင် လေဘေးဒုက္ခသည် ၇ သိန်း ၆ သောင်းရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများမှာ ၆ ရာခိုင်နှုန်း အောက်မှာပင် ရှိနေသေးသည်ဟု ခိုင်လုံသော အစိုးရ သတင်း ရပ်ကွက်များအရ သိရသည်။
သောက်သုံးရေ၊ အစားအသောက်နှင် နေရာထိုင်ခင်း ကြုံတွေ့နေရသူ ဒုက္ခသည် အများစုမှာ ရန်ကုန်တိုင်း ကွမ်းခြံကုန်း၊ ကော့မှူးမြိုနယ်နှင့် ကျောက်တန်းမြို့နယ် အောက်ပိုင်းဒေသများ ဖြစ်သည်။
အစိုးရက ပေးအပ်နေသည့် ထောက်ပံ့ရေး ပစ္စည်းများနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်း အချို့က ပေးအပ်နေသော်လည်း အချို့ နေရာများတွင် ၁.၁ ရာခိုင်နှုန်းသာ ကာမိပြီး ပျှမ်းမျှအားဖြင့် ၅.၅ ရာခိုင်နှုန်းသာ ရှိသည်ဟု ကယ်ဆယ်ရေးလုပ်ငန်း ကြီးကြပ်နေသည့် အဖွဲ့ သတင်းရပ်ကွက်များက ပြောသည်။
အစိုးရပိုင် ရုပ်မြင်သံကြား သတင်းတွင် ၀န်ကြီးများနှင့် စစ်ဗိုလ်ချုပ်အချို့က ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း နေရာအချို့တွင် ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်လျှက်ရှိပုံနှင့် လက်ခံရရှိသူ ဒုက္ခသည်များက လက်ခုတ်တီး ပြန်လည် ဂုဏ်ပြုနေပုံများ ထပ်ခါထပ်ခါ ပြသလျှက် ရှိသည်။
Saturday, May 10, 2008
ရန်ကုန်တိုင်းတွင် လေဘေးဒုက္ခသည် ၇ သိန်း ၆ သောင်းရှိ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment