ယနေ့ နံနက် ရန်ကုန် စံတော်ချိန် ၉နာရီတွင် တာမွေမြို့ ခံတဦးနှင့် ဖုန်းအဆက်အသွယ်ရသည် ။ တာမွေဈေးအရမ်းလူကျပ်နေသည် ။ ဆိုင်အကုန် မဖွင့်နိုင် ။ တချို့ ဆိုင်များမှာ လေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့်အထဲ ပါသည် ။
ကန်စွန်းရွက်တစ်စည်း ၂၅၀ကျပ် ဈေးဖြစ်နေသည် ။ တာမွေမြို့ ရှိ အိမ်ဆိုင်တချို့  လုယက်မှာကို စိုးရိမ်သောကြာင့် တံခါးပိတ်ပြီး ၊ ၀ယ်သူတယောက်ချင်းစီသာ ရောင်းချခြင်းများပြုလုပ်နေသည် ။ လူတွေ တန်းစီပြီး ထိုဆိုင်များတွင် ဈေးဝယ်နေကြရသည် ။ အိမ်ခေါင်မိုးများ ပြန်လည်ပြုပြင်ရန်အတွက် သွပ်ပြားရောင်းဆိုင်များတွင်လည်း လူတွေပြည့်ကျပ် တန်းစီနေကြရသည် ။
လမ်းတွေကို တချို့ လာရှင်းထားသည် ။ လဲကျနေသော သစ်ပင်များတော့ ရှိသေးသည် ။
Sunday, May 4, 2008
လက်ရှိ တာမွေမြို့ မှ သတင်း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment