ခေတ်ပြိုင်- ၁၃ မေ ၂၀၀၈
နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် မြန်မာစစ်အစိုးရ လုပ်ကိုင်နေပုံနှင့် ပတ်သက်၍ တကမ္ဘာလုံးက မြန်မာစစ်အစိုးအပေါ် စိတ်ဆိုးဆိုးဖြင့် ပြစ်တင်ရှုတ်ချသင့်ကြောင်း အမေရိကန်သမ္မတ ဘုရှ်က တိုက်တွန်း ပြောဆိုလိုက်သည်။
မြန်မာဗိုလ်ချုပ်များသည် မိမိပြည်သူ ဒုက္ခရောက်သည်ကို ကူညီရန်ထက် အာဏာတည်မြဲ ရေးကိုသာ အာရုံစိုက်နေသည့် သဘောဖြစ်သည်ဟု CBS အသံလွှင့်ဌာနနှင့် တွေ့ဆုံရာတွင် အမေရိကန်သမ္မတက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များ မြန်မာနိုင်ငံ ၀င်ရောက်နိုင်ရေး မြန်မာစစ်အစိုးရ၏ လုပ်ရပ် သည် “လက်မခံနိုင်လောက်အောင် နှေးကွေးလွန်းသည်” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း တနင်္လာနေ့က ဝေဖန်လိုက်သည်။
အင်္ဂါနေ့ထိ အခြေအနေများ တိုးတက်မလာပါက မြန်မာစစ်အစိုးရ ခွင့်ပြုချက်မယူဘဲ လေကြောင်းမှ အကူအညီများ ချပေးရန် စဉ်းစာသင့်သည်ဟု ဗြိတိသျှ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီ ခေါင်း ဆောင် မစ္စတာ ဒေးဗစ်ကမ်မရွန်က ထောက်ပြသည်။
မြန်မာမုန်တိုင်း ဒုက္ခသည်များအား ကူညီရေးအတွက် ဖြစ်နိုင်သမျှ နည်းပေါင်းစုံ ကို စဉ်းစားရမည် ဖြစ်သော်လည်း လေကြောင်းက အကူအညီများချပေးရန်မှာ ဖြစ်နိုင်ခြေမရှိဟု ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက ပြောသည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကလည်း လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂက ၂၀၀၅ ခုတွင် ချမှတ်ခဲ့သည့် Responsibility to Protect လုပ်ပိုင်ခွင့်အရ မြန်မာစစ်အစိုးရ သဘောတူညီချက် မယူဘဲ လေကြောင်းကနေ အကူအညီများချပေးရန် ပြီးခဲ့သည့် သီတင်းပတ်က အကြံပြုခဲ့သည်။ သို့သော် အဆိုပါ ကုလသမဂ္ဂ လုပ်ပိုင်ခွင့်တွင် သဘောဝ ဘေးအန္တရာယ် ကျရောက်သည့် အခြေအနေမျိုးတွင်ဟု ဖော်ပြထားခြင်း မရှိပေ။ ။
Wednesday, May 14, 2008
စစ်အစိုးရကို ကမ္ဘာက ၀ိုင်းရှုတ်ချရန် အမေရိကန်သမ္မတ တောင်းဆို
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment