မေလ ၃ ရက်၊၂၀၀၈ခုနှစ်
ရဟန်းရှင်လူပြည်သူများနှင့် မျိုးဆက်သစ်လူငယ်အပေါင်းတို့ခင်ဗျား...
ကျွန်ုပ်တို့ မြန်မာနိုင်ငံအတွင်း ကာလရှည်ကြာဖြစ်ပေါ်နေခဲ့တဲ့ နိုင်ငံရေးပဠိပက္ခများ၊ မတရားဖိနှိပ်ခံရမှုများ၊ လူသားသိက္ခာစော်ကားခံရမှုများနှင့် မကြာသေးမီက ဖြစ်ပွားခဲ့သော သံဃာတော်များ ဦးဆောင်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးကြီးအတွင်း အာဏာရှင်အစိုးရ၏ တစ်ဖက်သတ် အကြမ်းဖက်ဖြေရှင်းမှုများကြောင့် ကျွန်ုပ်တို့ မျိုးဆက်သစ်လူငယ်များသည်လည်း မိမိတို့ပြည်ထောင်စုကြီး အာဏာရှင်စနစ်၊ စစ်ကျွန်ခေတ်မှ လွတ်မြောက်ရေးအတွက် တတ်နိုင်သည့်နည်းများဖြင့် ပါဝင်လှုပ်ရှားခဲ့ကြပါသည်။
ကျွန်ုပ်တို့သည် စက်တင်ဘာတော်လှန်ရေးဖြစ်ပွားနေချိန်အတွင်းနှင့် နောက်ပိုင်းကာလတစ်လျှောက်လုံး မြန်မာပြည်အထက်ပိုင်းဒေသများတွင် အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်နေကြသည့် လူငယ်များဖြစ်ပါသည်။
ယခုအခါ အထက်မြန်မာပြည်ဒေသအချို့ရှိ လက်လှမ်းမှီသမျှ တက်ကြွလှုပ်ရှားသူများကို စုစည်း၍ Generation Wave
( မျိုးဆက်သစ်လူငယ်များအစည်းအရုံး )၏ တိုက်တွန်းဖိတ်ခေါ်ကြေငြာအတိုင်း Generation Wave Upper Myanmar
( မျိုးဆက်သစ်လူငယ်များအစည်းအရုံး-အထက်မြန်မာပြည် ) ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။
ယနေ့မှစ၍ ကျွန်ုပ်တို့ Generation Wave Upper (မျိုးဆက်သစ်လူငယ်များအစည်းအရုံး-အထက်မြန်မာပြည်) လူငယ်များသည် Generation Wave ၏ လမ်းစဉ်အတိုင်း အကြမ်းမဖက်နည်းလမ်းများခံယူကာ အခြားသော သံဃာ၊ ကျောင်းသား၊ ပြည်သူများနှင့် လက်တွဲ၍ ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ လွတ်လပ်သော ဒီမိုကရေစီနိုင်ငံတော်ကြီးပေါ်ပေါက်လာနိုင်ရေးအတွက် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
ထို့အပြင် မြန်မာနိုင်ငံအတွင်း အခြားသော ဒေသများရှိမျိုးဆက်သစ်လူငယ်များကိုလည်း ကျွန်ုပ်တို့ကဲ့သို့ပင် မိမိတို့သက်ဆိုင်ရာ ဒေသအလိုက် Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)ကို ဖွဲ့စည်းတည်ထောင်၍ ဒီမိုကရေစီတိုက်ပွဲအတွင်း လက်တွေ့ပါဝင်ကြပါရန် ကျွန်ုပ်တို့မှ ထပ်ဆင့်ဖိတ်ခေါ်တိုက်တွန်းအပ်ပါကြောင်း လေးနက်စွာ အသိပေးအပ်ပါသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment