မဇ္ဈိမသတင်းဌာန
လွှင့်တင်ချိန်။ ။ မေလ ၈ ရက်၊ ၂၀၀၈ ခုနှစ် ၁၇း၁၅ - မြန်မာစံတော်ချိန်
ဘန်ကောက်။ ။ လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေးအတွက် ထောက်ပံ့ ပစ္စည်းများ တင်ဆောင်ထားသော အမေရိကန် စစ်ဘက် လေယာဉ်များ ဆင်းသက်ခွင့်ပြုရေး မြန်မာ စစ်အစိုးရထံမှ စောင့်ဆိုင်းဆဲ ဖြစ်သည်။
ထိုင်းနိုင်ငံရှိ အမေရိကန် သံရုံးမှ သတင်းနှင့် ပြန်ကြားရေး အရာရှိ စင်သီယာ အေ ဘရောင်းက ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားရာတွင် အမေရိကန် အစိုးရအနေဖြင့် စီ ၁၃၀ စစ်ဘက်လေယာဉ်များ ဆင်းသက်ခွင့်ရရေး စောင့်ဆိုင်းနေဆဲ ဖြစ်သည်ဟု ပြောသည်။
အဖွဲ့ဝင် ၁၀ ဦးပါ ကပ်ဘေး အထောက်အပံ့ပြု အဖွဲ့သည်လည်း မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ရရှိရေး စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
"ကျမတို့ ရလာဒ်ကောင်း ထွက်လာမယ်လို့ ယုံပါတယ်" ဟု သူမက ပြောလိုက်ပြီး မြန်မာ စစ်အစိုးရနှင့် တောက်လျှောက် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ပြောသည်။ ဆွေးနွေးမှု အဆင်ပြေရေးအတွက် ထိုင်းအစိုးရသည် တက်တက်ကြွကြွ ကူညီ စေ့စပ်နေသည်ဟု ပြောသည်။
နာဂစ် မုန်တိုင်းဒဏ်ခံ မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၃ သန်းထောက်ပံ့ရန် အမေရိကန် ပြည်ထောင်စုက ကမ်းလှမ်းထားသည်။
ရုရှားမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်လွှတ်
လွှင့်တင်ချိန်။ ။ မေလ ၈ ရက်၊ ၂၀၀၈ ခုနှစ် ၁၃း၁၅ - မြန်မာစံတော်ချိန်
ရုရှားနိုင်ငံမှ ကယ်ဆယ်ရေး ရဟတ်ယာဉ် အနည်းဆုံး ၇ စင်း မြန်မာ့လေဘေး ဒုက္ခသည်များအတွက် ဆေးဝါးနှင် အစားအသောက်များ တင်ဆောင်ကာ မြန်မာနိုင်ငံသို့ ပျံသန်းသွားသည်။
ယနေ့နံနက် ရုရှားစံတော်ချိန် ၈ နာရီခန့်က မော်စကို လေတပ်စခန်းမှ ကယ်ဆယ်ရေး ရဟတ်ယာဉ်များ ပျံသန်းသွားခြင်းဖြစ်ပြီး ရန်ကုန်သို့ ယနေ့ ညနေတွင် ရောက်မည်ဟု ခန့်မှန်းရကြောင်း သတင်းရပ်ကွက်များအရ သိရသည်။
အစောပိုင်းက ရုရှားသမတ ဗလာဒီမာပူတင်က မြန်မာနိုင်ငံသို့ အထောက်အပံ့များ ပေးလိုကြောင်း မြန်မာစစ်အစိုးရသို့ ပြောကြားခဲ့သည်။
ရန်ကုန် လားရှိုးလေး မီးလောင်
လွှင့်တင်ချိန်။ ။ မေလ ၈ ရက်၊ ၂၀၀၈ ခုနှစ်
ရန်ကုန်မြို့ ၅၁ လမ်း အလယ်ဘလောက်ရှိ လားရှိုးလေး စားသောက်ဆိုင်တွင် တနာရီခန့်ကြာ မီးလောင်မှု ဖြစ်ပွား ခဲ့သည်။
ယနေ့နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က စတင်လောင်ကျွမ်းမှုဖြစ်ကာ မီးသတ်ကား ၇ စီး ရောက်ရှိလာပြီး ငြိမ်းသတ်သွားခဲ့သည်။
Thursday, May 8, 2008
အမေရိကန် လေယာဉ်များ ဆင်းသက်ခွင့်အတွက် ခွင့်ပြုချက် စောင့်ဆိုင်းနေဆဲ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment