နာဂစ်မုန်တိုင်းသည် လောလောဆယ်တွင် လတ်15.8 နှင့် လောင် 91.2 မထင်မှတ်ပဲ အရှေ့သို့ဆက် ရွေ့နေသည်။ ခန့်မှန်းချက်အရ ယနေ့မနက် ၇ နာရီတွင် မော်တင်စွန်းသို့ စတင်ဝင်ရောက်မည်။ ရန်ကုန်အနီးသို့ ယနေ့ညတွင် ဖြတ်မည်ဖြစ်ကြောင်း သိရှိရသည်။ ဧရာဝတီတိုင်း၏ ပင်လယ်နှင့်ထိစပ်နေသော အပိုင်းများ စိစိညက်ညက်ကြေသွားနိုင်သည်။ ရန်ကုန်တွင် လေပြင်းတိုက်က ဆိုင်းဘုတ်ကြီများ တုံးလုံးလဲသွားနိုင်သည်။ မုန်တိုင်းသည် မိန်းမလှကျွန်းနောက်ဖက်မိုင် ၉၀ ခန့်တွင် ရောက်ရှိနေသည်။ ပိုပြီးအားကောင်းလာနေပါသည် အရှေ့ဘက်သို့ လျှင်မြန်စွာ ရွေ့နေသည်။
နာရီအနည်းငယ်အတွင်း ဧရာဝတီတောင်ပိုင်းကို ဟိုင်းကြီးကျွန်းအနီးမှဖြတ်မည်။ လေတိုက်နှုန်း တနာရီ မိုင်၆၀ ကျော်မည်။ မုန်တိုင်း ဗဟိုနှင့် အနီး မိုင် ၂၀ အတွင်းတွင် တနာရီမိုင် ၁၂၀ အထက်လေတိုက်မည် မုန်တိုင်းဒီရေ ၁၅ ပေခန့်မြင့်မည်။ လောလောဆယ် ဖျာပုံ ပုသိမ်က လူတွေက မုန်တိုင်အကြာင်မယုံကြပါ မုန်းတိုင်းအရေးပေါ်ကြေငြာချက်များထွက်ဟန် မတူသေးပါ။
နောက်ဆုံးရရှိသော သတင်းအရ နာဂစ်မုန်တိုင်းသည် ဟိုင်းကြီးကျွန်းကို ရောက်သွားပြီး မိုင်၁၀၀ ကျော်နှုန်းဖြင့် တိုက်ခတ်နေကြောင်း သိရှိရသည်။ ချောင်းသာကမ်းခြေတလျှောက်က လူတွေကို ပြောင်းရွေ့ခိုင်းထားကြောင်းလည်း သိရှိရသည်။
မုန်တိုင်းအခြေအနေများကို သိရှိလိုပါက။ http://www.wunderground.com/tropical/tracking/ni2008o1_flashtoo.html?extraprod=flashtool&MO=1 တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။
Friday, May 2, 2008
နာဂစ်မုန်တိုင်းအခြေအနေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment