(စက်တင်ဘာမိုး)
တိုင်းပြည်တစ်ခုလုံး ပုတ်ပွနေတဲ့ အနံ့တွေ
တိုင်းပြည်တစ်ခုလုံး ဖုံးလွှမ်းနေတဲ့ ငိုရှိုက်သံတွေ
တိုင်းပြည်တစ်ခုလုံး
ဆာလောင်မွတ်သိပ်နေတဲ့ ညည်းတွားသံတွေ
တိုင်းပြည်တစ်ခုလုံး
ဟစ်အော်နေကြတဲ့ ဒုက္ခသုက္ခသံတွေ
တိုင်းပြည်တစ်ခုလုံး
ပွက်လောညံနေတဲ့ ငရဲသံတွေ
ပြည်သူတွေ ရင်စည်းခံနေရပြီလေ ........
မမြင်ရက် မရှုရက် တိုင်းပြည်အတွက်
အနာဂတ်ရဲ့သားကောင်းရတနာတွေလည်း
ဆုံးရှုံးခဲ့ရပြန်ပြီလေ ............
သားကောင်းရတနာတွေကို မွေးထုတ်
ချွေးသုတ်ပေးမယ့် အမေတွေ ...
သားကောင်းရတနာတွေကို
ပြုစု
ယုယပေးမယ့် အဖေတွေ ...
သားကောင်းရတနာတွေကို
ပညာသင်
ပဲ့ပြင်ပေမယ့် ဆရာတွေ ...
ဒါတွေလည်း ဆုံးရှုံးခဲ့ရပြန်ပြီလေ ........
တိုင်းပြည်ရဲ့စပါးကျီ
ဧရာဝတီဆိုတာလည်း မရှိတော့
တိုင်းပြည်လည်း ဒုက္ခ
ပြည်သူတွေလည်း ပုတ်ပွ
ခွေးဇာတ်ခင်းသူ လူတစ်စုကတော့
အထုပ်ရဘို့ ဖန်နေကြတယ်လေ ....
ပြည်သူတွေကို ဂုတ်ခွဘို့ကြံနေကြတယ်လေ
နောက်ဆုံး
သူတောင်းစားလက်ထဲက ခွက်တောင်
ပုတ်ချဘို့ စိုင်ပြင်နေကြပါရော့လား ........
အင်း ..........
ခွေးယုတ်မာ ခွေးဇာတ်ခင်း
ခွေးလုပ်ရပ်သတင်းတွေကိုတော့ ကမ္ဘာသိမှာကြောက်
နဖာကလော်လောက်မှ ဇောက်မနက်
သောက်ရှက်ဆိုတာလည်း သူတို့မှာမရှိ
ရပ်သိ ရွာသိ ကမ္ဘာသိ အကုန်သိ
ကဲ ..... ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား ....
စက်တင်ဘာမိုး
Tuesday, May 13, 2008
ၵဧရာ၀တီလမုိက္ညမ်ား
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment