Friday, April 25, 2008

ရဲရဲ ပြော ရဲရဲ လုပ် ရဲရဲ Vote ကြပါ

ရေးသူ- ညီညီ(သံလွင်)

အားလုံး သိကြတဲ့အတိုင်း တရားဝင်နေထိုင်နေတဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေ အနေနဲ့ လာမယ့် သောကြာ ၂၅ ရက် Eပြီကနေ ၂၉ ရက် အပြီးအထိ မဲပေးဖို့ စာများကို စင်္ကာပူမြန်မာသံရုံးကနေ ပေးပို့ထားပါတယ်။ စာမရသူတွေ အနေနဲ့လည်း မိမိနိုင်ငံသားပတ်စ်ပို့ကို ယူလာပြီး မဲပေးနိုင်တယ်လို့ သိရပါတယ်။

၁၂ နာရီ Shift နဲ့ အလုပ်လုပ်သူတွေက လွဲလို့ ကျန်တဲ့သူ အများစုက စနေ၊ တနင်္ဂနွေမှာ မဲပေးကြမယ်လို့ ထင်ပါတယ်။ အချိန်လည်း အတော်လေး နီးကပ်လာပြီဆိုတော့ သူငယ်ချင်း တချို့ကို ကျွန်တော်မေးပါတယ်။ ဘယ်သူတွေလဲ နာမည်တပ်မနေချင်တော့ပါ။ သူတို့ဆီက ပြန်ကြားရတွေက အတော် စိတ်ဝင်စားဖို့လည်းကောင်းပြီး စိတ်မကောင်း ဖြစ်စရာလည်း ကောင်းပါတယ်။ မဲသွားမပေးဘူးဆိုတဲ့ သူတွေ ရှိသလို "Yes" မဲ ပေးမယ့်သူတွေ ရှိပါတယ်။ "No" မဲ ပေးမယ်လို့ ဖြေတဲ့ သူငယ်ချင်းတွေ အတွက်တော့ ဘာမှ ပြောစရာ မရှိပါဘူး။ ခြုံကြည့်လိုက်မယ်ဆိုရင် အောက်ပါအချက်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။

"Yes" မဲ ပေးရခြင်း အကြောင်းရင်းများ --------------------------------------- "No" မဲ ပေးရင်

၁) "နာမည်မှတ်ထားပြီး ပတ်စ်ပို့ သက်တမ်းမတိုးပေးရင် ဘယ်လိုလုပ်မလဲ။
၂) မြန်မာပြည် ပြန်လည်လို့ မရတော့ရင် ဘယ်လိုလုပ်မလဲ။
၃) မြန်မာပြည် အလည်ပြန်တော့မှ လေဆိပ်က ဆီးဖမ်းရင်ရော။
၎) မြန်မာပြည်က မိဘဆွေမျိုးတွေကို ဒုက္ခ မပေးနိုင်ဘူးလား

မဲ မပေးရခြင်း အကြောင်းရင်းများ ----------------------------------

၁) သွားရမှာ ဝေးလဲဝေး အလုပ်လဲ ရှုပ်တယ်
၂) အချိန်ကုန် လူပန်းပြီး ဘာတွေမှန်းလဲ မသိဘူး။ ဒီ ဖွဲ့စည်းပုံ အတည်ဖြစ်တော့ ဘာထူးလဲ။ မဟုတ်လဲ သူတို့ပဲ အုပ်ချုပ်နေတာ မဟုတ်ဘူးလား။
၃) Yes ပေး ပေး No ပေး ပေး ဘာဖြစ်တုန်း။ အဖြေကို မဲရုံဦးစီးသူတွေက ကြိုက်သလို ပြောင်းလိုက်မှာပဲ။
၎) မဲသွားပေးရင် Yes ထည့်ရမှာလည်း မထည့်ချင်ဘူး။ No ထည့်ရင်လည်း ဒုက္ခပေးမှာ စိုးတယ်။

အထက်ပါ အချက်တွေကို ကျွန်တော် ဖြေထားတဲ့ အဖြေတွေကတော့ ဒီမှာပါ။ စိုးရိမ်မှုကြောင့် Yes မဲ ပေးချင်သူများသို့ ---------------------------------------- လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပေးရမှာဖြစ်လို့ နာမည်မှတ်ထားခြင်း မရှိပါဘူး။ "YES" ပေးမှ ပတ်စ်ပို့သက်တမ်းတိုးပေးမယ်၊ မြန်မာပြည်ပြန်ခွင့်ပေးမယ်ဆိုတာ ဖြစ်နိုင်သလား သေချာစU်းစားပါ။ သူတို့မှာ အဲလိုလုပ်ခွင့် မရှိပါဘူး။ လုပ်လည်း လုပ်မှာ မဟုတ်ပါဘူး။ ဟုတ်ပြီ။ တကယ်ပြန်လို့ မရတော့ဘူး ဆိုရင်ရော။ ကဲ.. ကိုယ်ပြန်လို့ မရတော့မှာ ပူပန်ပြီး မျက်စိစုံမှိတ်ပြီး ခင်ဗျား "Yes" ထည့်မလား။ အဲဒါဆိုရင်တော့ ကိုယ်သေမှာ ကြောက်လို့ ကိုယ့်နောင်လာနောက်သား သားသမီးတွေကို အသေခံခိုင်းသလို ဖြစ်နေမှာပါ။


ဒီ ဖွဲ့စည်းပုံအသစ် အတည်ဖြစ်သွားရင် ဖြစ်လာနိုင်မယ့် ဆိုးကျိုးကောင်းကျိုးတွေကို သေချာလေ့လာပြီးမှ ရွေးချယ်မှုပြုပါ။ Yes လား No လား မေးတဲ့အခါ ကိုယ်ကြိုက်ရာကို ကိုယ်ဖြေခွင့် ရှိပါတယ်။ "No" ပေးလို့ လေဆိပ်က ဆီးဖမ်းမယ်ဆိုတဲ့ အထင်ကလည်း မိုးပြိုခဲ့ရင် ဆိုပြီး ပူပန်တွေးတောနေတာနဲ့ တူပါတယ်။ No ပေးတိုင်း မြန်မာပြည်က မိဘဆွေမျိုးတွေကို လိုက်ဒုက္ခပေးနေရင် Aင်းစိန်ထောင်ဆံ့မှာ မဟုတ်ပါဘူး။

အကြောင်းအမျိုးမျိုးကြောင့် မဲ ပေးခြင်း မပြုလိုသူများသို့ --------------------------------------------------------- စင်္ကာမြန်မာသံရုံးကို ရောက်ဖို့ အဝေးကြီးသွားရတာ မှန်ပါတယ်။အဲလို မသွားချင်တာနဲ့ပဲ ခင်ဗျားနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာဆိုဘာမှ စွက်ဖက်ခြင်း မလုပ်ဘဲ မင်းတို့ လုပ်ချင်ရာလုပ်တော့ဆိုပြီး ခွင့်ပေးလိုက်တော့မှာလား။

အားလပ်ရက်မှာ အနားမယူဘဲ သွားရလို့ Aချိန်ကုန်မယ် လူပင်ပန်းမယ်ဆိုပေမယ့် ခင်ဗျား အကျိုးမရှိတဲ့ Aလုပ်တစ်ခုကို Aချိန်ကုန် လူပင်ပန်းခံပြီး လုပ်နေတာ မဟုတ်ဘူးဆိုတာ သတိပြုပါ။ ဒါ တစ်နိုင်ငံလုံးရဲ့ အရေး။ မြန်မာနိုင်ငံသား အားလုံးရဲ့ အရေးပါ။
မဲလိမ်ကောင်း လိမ်ပါလိမ့်မယ်။ ဒါပေမယ့် လိမ်မယ် ၁၀၀ ရာခိုင်နှုန်းသေချာပြီလား။ တကယ်လို့ မလိမ်ဘဲ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ကြမယ်ဆိုရင် ခင်ဗျားရဲ့ အခွင့်အရေးဖြစ်တဲ့ မဲတစ်ပြားဟာ သူ့တာဝန်ကိုသူ မထမ်းဆောင်နိုင်ဘဲ ဖြစ်သွားပါမယ်။
Yes မထည့်ချင်ဘူးဆိုကတည်းက ဒီဖွဲ့စည်းပုံကို သဘောမကျလို့ပဲ။ ခင်ဗျား သဘောမကျတဲ့ အရာကို ငြင်းပယ်ခွင့်ဟာ လူသားတစ်ယောက်ရဲ့ အခြေခံ အခွင့်အရေးဖြစ်တယ်။

နောက်ဆုံးအနေနဲ့ ကျွန်တော် ပြောချင်တာကတော့ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ကိုယ်နဲ့ နီးစပ်တဲ့ မဲပေးခွင့်ရှိသူတွေကို မမေ့မလျော့ မဲပေးကြဖို့ တိုက်တွန်းပါ။ ရလာတဲ့ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ ဒါဟာ ကျွန်တော်တို့ကို လုပ်ချင်တိုင်း လုပ်လို့ မရဘူးဆိုတာ ပြသခြင်းပါ။ ပြည်သူလူထုရဲ့ အဖြေက နောက်ဆုံးမှာ Yes ဖြစ်မလား No ဖြစ်မလား ဆိုတာကို စောင့်ကြည့်ရမှာပါ။ ကျွန်တော့်ကို Yes or No လို့ မေးလာရင်တော့ ရန်ကုန်မှာ လူတွေ ပြောနေသလို ကျွန်တော်ကတော့ "သဇင်တို့အဖွဲ့" ပါပဲဗျာ။

Nyinyithanlwin.blogspot.com

0 comments: