ကိုအောင်ကြည်မင်းဘလောဂ့်မှ ကူးယူဖော်ပြသည် ။
ကိုယ့်ပြည်ကိုယ့်မြေ
ကိုယ့်မိဘနဲ့
ရေမြေသောက်သုံး
သက်ထက်ဆုံးတိုင်
မခွဲမခွာ
နေချင်သော်လည်း
တိုင်းပြည်အုပ်ချုပ်
မင်းလုပ်သူက
အဆွေမတော်
အမျိုးမစပ်
ကြင်နာတရား
ကင်းမဲ့နေလို့
သွေးကွဲမျိုးဖြုတ်
အကြံယုတ်နဲ့
အဆီကိုယူ
အသားကိုစား
အာဏာမူးယစ်
နွံနစ်ထဲမှာ
အများပြည်သူ
မျက်ရည်ပူကျ
အားမတန်လို့
အံကိုကြိတ်ကာ
ရင်မှာကြေကွဲ
ခွဲခဲ့ရတယ်
လွမ်းမပြေဘူး
မွေးရပ်မြေရယ်။
ငြိမ်းချမ်းမှုကို
အစဉ်ပြုလို့
ကိုယ့်မျိုးကိုယ့်ပြည်
ကိုယ့်ရေမြေကို
သွေးစည်းစိတ်ထား
မကွဲပြားအောင်
သစ္စာမဏ္ဍိုင်
တည်တံ့ခိုင်ဖို့
ကိုယ့်လူမျိုးသာ
အုပ်ချုပ်ပါလျှင်
ဘာသာလူမျိုး
ကမ္ဘာသို့တိုင်
ပဲ့တင်ထပ်ပေါ့
မွေးရပ်မြေရယ်။
အခုတော့ဖြင့်
မခိုလှုံလို့
တပြည်တမြေ
ရှောင်ပြေးခါမှ
ပြန်ချင်စိတ်ကို
ရင်မှာစွဲသိပ်
နေ့ညသရွေ့
တမ်းတရပြီ
ငြိမ်းချမ်းပါစေ
မွေးရပ်မြေရယ်။
(ရမ္မ၀တီ)
ရက္ခသွေး
်
ဒီကဗျာလေးကိုကျွန်တော် လွန်ခဲ့တဲ့လ ပန်းရံဆိုက်တစ်ခုကိုသွားရင်း ရခိုင်သားတစ်ဦးထံမှ ရရှိခဲ့ပါတယ်။
Sunday, April 27, 2008
ဘေးရန်ကင်းစေ မွေးရပ်မြေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment