ဖိုးအံ့
(၁)
တော်လှန်ရေးသည်
လရောင်အောက်တွင်
စောင်းတီးခြင်းမဟုတ်။
(၂)
တော်လှန်ရေးသည်
မည်ကာမတ္တလုပ်နေသော
အမည်ခံ၊ အဖြည့်ခံဝေါဟာရ
စကားလုံးတစ်လုံးအဖြစ်
ရပ်တည်နေသောစိတ်ဖြေ
လုပ်ငန်းမဟုတ်။
(၃)
တော်လှန်ရေးသည်
ခပ်ပါးပါးလုပ်ဟန်ပြုနေသော
Paper Revolution
မဟုတ်။
(၄)
တော်လှန်ရေးသည်
စံနှုန်းတွေနှင့် ပြဌာန်းထားသော
တရားဓမ္မ(သို့ )ပရမတ္တဖြစ်သည်။
(၅)
တော်လှန်ရေးသည်
ကိုယ်လိုရာ အကောင်းမြင်ဝါဒကို
လက်မခံ။
(၆)
တော်လှန်ရေးသည်
သစ္စာတရားအပေါ်တွင်
ခံယူထားသော ကတိ
ဘယ်လောက်လိုက်နာဆိုသည့်
အချက်နှင့်တိုင်းတာရမှာပဲ။
(၇)
တော်လှန်ရေးသည်
သမာသမတ်ကျသော
ရပ်တည်မှုအပေါ်တွင်
မူတည်ပြီး...
သစ္စာတရားနှင့် ကတိတွေအပေါ်
အထပ်ထပ်ချိုးဖောက်နေသော
ရဲဘော်အတုတွေကို
တော်လှန်ရေး ရဲဘော်ဟု မဆိုအပ်။
(၈)
တော်လှန်ရေးသည်
ရပ်တည်ချက်နှင့် လုပ်ဟန်များကို
စောင့်ကြည့်ပြီး...
တော်လှန်ရေးအရေခွံခြုံထားသော
တော်လှန်ရေး အတုများကို
တော်လှန်တိုက်ပွဲဝင်ရင်း
စစ်မှန်သော တော်လှန်ရေးရဲဘော်များကို
အမြဲတမ်းရှာဖွေနှလုံးသွင်းလျက်ရှိသည်၊
(ဗစ်တာအိုးဝေ ဘလောဂ့်မှ ကူးယူဖော်ပြသည်)
Saturday, April 19, 2008
တော်လှန်ရေးဋီကာ
Subscribe to:
Post Comments (Atom)

2 comments:
ဋ္ဌီကာ မဟုတ် ဋီကာ ဖြစ်ပါသည်။
ကိုသက်ဦး .. ပြောပြတာ ကျေးဇူးပါ ။ ပြင်လိုက်ပါပြီ ။
Post a Comment