Tuesday, April 1, 2008

ကန့်ကွက်မဲ သွားပေးစို့

ညောင်နှစ်ပင် အခြေခံမူ ၁၀၄ ချက် အခန်း (၁၄) ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ ပုဒ်မ (၁) မှာ "ဤဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ထောက်ခံမဲဖြင့် အတည်ပြုပြဋ္ဌာန်း ... အာဏာတည်သည်။" လို့ပါပြီး

၂၀၀၈ အခြေခံဥပဒေမူကြမ်း အခန်း (၁၄) ကူးပြောင်းရေးကာလပြဋ္ဌာန်းချက်များ ပုဒ်မ (၄၄၁) မှာ "ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော်မဲပေးသည့် ဆန္ဒမဲ၏မဲအများ ဖြင့် အတည်ပြုပြဋ္ဌာန်း ... အာဏာတည်သည်။" လို့ပါရှိပါတယ်။

၁၉၇၄ အခြေခံဥပဒေ အခန်း (၁၆) အထွေထွေပြဋ္ဌာန်းချက်များ ပုဒ်မ (၁၉၅) မှာ "ဤဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ထောက်ခံမဲဖြင့် အတည်ပြုပြဋ္ဌာန်း ... အာဏာတည်သည်။" လို့ပါတယ်။

နအဖဟာ ၇၄ ပုံစံမျိုး ဆန္ဒခံယူပွဲမလုပ်ရဲလို့ နဂိုချထားတဲ့ ညောင်နှစ်ပင်မူကို မလိမ့်တပတ်လုပ်ပြီး ကလိမ်ကျဖို့အကြံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၄၄၁ ကို ချလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် လူ ၁၀၀ မှာ ၅၁ ယောက် မဲလာပေးလို့ ကန့်ကွက်မဲ ၃၃ မဲ နဲ့ ထောက်ခံမဲ ၁၈ မဲရရင်၊ ကန့်ကွက်မဲထဲက ၁၆ မဲကို ပယ်မဲသတ်မှတ်လိုက်ပြီး၊ ကန့်ကွက်မဲ ၁၇ မဲ၊ ပယ်မဲ ၁၆ မဲ၊ ထောက်ခံမဲ ၁၈ မဲနဲ့ နအဖ အခြေခံဥပဒေ အတည်ဖြစ်မှာဖြစ်ပါတယ်။ အဲဒီအတွက် ကန့်ကွက်မဲတွေကို ပယ်မဲတွေဖြစ်အောင် လုပ်လိမ့်မယ်၊ သူတို့ဘက်က ထောက်ခံမဲကို သေချာအောင်နဲ့ များအောင်၊ ပယ်မဲမသတ်မှတ်ခံရအောင် လုပ်လိမ့်မယ်။ တကယ်လို့ သပိတ်မှောက်ပြီး မဲမပေးတဲ့လူက အနည်းဆုံး ၅၁ ရာခိုင်နှုန်းရှိရင်တော့ ဆန္ဒခံယူပွဲ မဖြစ်မြောက်တော့ဘဲ နောက်တကြိမ် ဆန္ဒခံယူပွဲထပ်လုပ်မလား၊ ဘာလုပ်မလဲ မသိပါ။ ၅၁ ရာခိုင်နှုန်း သပိတ်မှောက်ဖို့လဲ မလွယ်ပါ။

တရားမ၀င်နိုင်ငံခြား ရွှေ့ပြောင်းအလုပ်သမားတွေဟာ ရောက်နေတဲ့နိုင်ငံက ဗမာသံရုံးမှာ မဲပေးခွင့်ရမှာမဟုတ်တော့ ပြည်တွင်းကမဲစာရင်းမှာ သူတို့ကိုယ်စား ကြံ့ဖွတ်တွေ၊ စအစတွေ မဲလက်မှတ်တုနဲ့ မဲပေးတာလုပ်လိမ့်မယ်။ ဒါ့အပြင် ဖားကန့်၊ မိုင်းရှူး၊ ရမည်းသင်း၊ ငါးရှန်တောင်ရောက်နေတဲ့ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေလည်း ဇာတိပြန် မဲပေးမှာမဟုတ်လို့ သူတို့ နာမယ်တွေနဲ့ မယက/ရယက/ကဖ/စအစ တွေ မဲလက်မှတ်တုကိုင် မဲပေးနိုင်သေးတယ်။ ဒါကြောင့် ကိုယ့်ရွာ ကိုယ့်လမ်း ကိုယ့်ရပ်ကွက်ကမဟုတ်တဲ့ မျက်နှာစိမ်းတွေ မဲလာထည့်တာကို ဒေသခံတွေက ဖွင့်ချ ဖော်ထုတ် တိုက်ခိုက်သင့်တယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ညစ်ဖို့ကတော့ လုံးဝသေချာနေပါပြီ။ အဲဒါကိုဆော်ဖို့ဘဲ လိုပါတယ်။

ဂါမဏိ

2 comments:

Anonymous said...

Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Massagem, I hope you enjoy. The address is http://massagem-brasil.blogspot.com. A hug.

Unknown said...

Kyar Ku lee Chit Oo is the formal No.1 regional rangoon Devision commander and openly affair with other man wife. His wife is Sa Ga Wa Wei stay at Mandalay road in Yangon. Mingalartaungnyunt T.S.
He is a one of the Army Representative ( A Mad ) so think about what kind of people are leading the Constitution. He and same like him A Mad ( Representatives) are prepare to kill even their parents to get vote - Yes. So So army can point out any women passing by to get in their bed. So be it. It is nice to remember golden Burma.