Thursday, February 14, 2008

KNU အထွေထွေအတွင်းရေးမှူး ပဒို မန်းရှာ လုပ်ကြံခံရ

မဇ္ဈိမသတင်းဌာန / ဖေဖော်ဝါရီ ၁၄ ရက် ၂၀၀၈ ခုနှစ် မြန်မာစံတော်ချိန် ညနေ ၆ နာရီ
ဓါတ်ပုံ-ဆုံဆည်းရာ

ကရင်အမျိုးသား အစည်းအရုံး၏ အထွေထွေ အတွင်းရေးမှုး ဖဒိုမန်းရှာသည် အမည်မသိ လက်နက်ကိုင် ၂ ဦးက သေနတ်ဖြင့် ပစ်သတ် လုပ်ကြံခံရသဖြင့် ယနေ့ မွန်းလွဲတွင် သေဆုံးသွားခဲ့သည်။

ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နေအိမ်တွင် ထိုင်နေစဉ် ကားဖြင့် ရောက်လာသော သေနတ်သမား နှစ်ယောက်က ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု မဲဆောက်နေသူများ၏ အပြောအရ သိရသည်။

“သေနတ်တချက် ပစ်တယ်။ နောက်နှစ်ချက် ဆက်တိုက် ပစ်တယ်။” ဟု ဖဒိုမန်းရှာ အိမ်နဘေးတွင် နေထိုင်သူ တဦးက ပြောသည်။

ကရင်အမျိုးသားခေါင်းဆောင်သည် ထိုင်းစံတော်ချိန် မွန်းလွဲ ၄ နာရီ ၂ဝ ခန့်တွင် နေအိမ် အပေါ်ထပ်တွင် စာဖတ်နေစဉ် မှန်လုံကားဖြင့် ရောက်လာသော သေနတ်သမားများက အပေါ်ထပ် တက်လာပြီး သေနတ်ဖြင့် ပစ်သွားခြင်း ဖြစ်သည်။

သေနတ် ၃ ချက် ပစ်ခတ်ခဲ့ပြီး ရင်ဘတ်ကို ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်း ဖြစ်သည်။

ပစ်ခတ်ပြီးနောက် သေနတ်သမားများက မြို့ထဲဘက်သို့ ကားမောင်း ထွက်ပြေးသွားသည်ဟု မျက်မြင် သက်သေများက ပြောသည်။

ပုံမှန်အတိုင်း အစောင့်အကြပ် ထားရှိခြင်း မရှိသော နေအိမ်အောက်ထပ်တွင်သာ ရုံးဝန်ထမ်း ၂ ယောက်သာရှိရာ အလွယ်တကူ ဝင်ပစ်သွားခြင်း ဖြစ်သည်။

0 comments: