Sunday, January 13, 2008

ကမ္ဘာကြည့် မြန်မာ့စီးပွားရေးနဲ့ လဒူများအတွေး

ဂါမဏိ

ဘယ်လိုမှ ဒီမိုကရေစီဘက်တော်သားမဟုတ်တဲ့ နာမည်ကြီးစင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်း
ယူးက `စီးပွားရေးနဲ့ပတ်သက်ရင် ဗမာဗိုလ်ချုပ်တွေဟာ အတော့်ကို လဒူတွေပါပဲ။ တိုင်းပြည်ဟာ သဘာဝသယံဇာတတွေအင်မတန်ကိုကြွယ်ဝတဲ့ကြားက ဒီဗိုလ်ချုပ်တွေ စီးပွားရေးကို ဒါလောက် အလွဲလွဲအချော်ချော် ဆိုးဆိုးဝါးဝါးစီမံနိုင်ခဲ့တာ၊ ဒီအခြေအနေကိုဆိုက်လာတာ အံ့စရာပဲ။

တုံးလိုက် အ,လိုက်ပုံကတော့။ မြန်မာနိုင်ငံဟာ အထီးကျန်အလယ်ခေတ်ကနေ ထွက်ပြီး လက်တွေ့ကမ္ဘာ လောကကြီးထဲဝင်လာအောင် တရုတ်က ကြိုးစားနားချကြည့်ခဲ့ဖူးတယ်။ ကျုပ်လည်း ခင်ညွန့်ဆိုတဲ့ ဗိုလ်ချုပ်တကောင်ကတဆင့် ကြိုးစားခဲ့ဖူးတယ်။ ကျုပ်တို့ဆီက ဟိုတယ်လုပ်ငန်းရှင်တွေကို ဗမာ ပြည်သွားဟိုတယ်တွေဖွင့်ဖို့ ကျုပ်အကြံပေးမိခဲ့တယ်။ ဒေါ်လာသန်းနဲ့ချီပြီး ရင်းနှီးမြှုပ်နှံမိခဲ့ကြတယ်။

အခုတော့ ဟိုတယ်တွေကဟောင်းလောင်း။ တကယ့်ကို စီးပွားရေးမှာဒူတဲ့ ငထုံငထိုင်းတွေကဦးစီး နေတယ်လေ။ ဒီလိုမျိုး တကမ္ဘာလုံးနဲ့ အချိန်အကန့်အသတ်မရှိ အဆက်ဖြတ်ထားလို့ ရနိုင်တယ်လို့ သူတို့ကယုံကြည်နေတာကို ကျုပ် နားကိုမလည်နိုင်ဘူး။ ဆေးတွေ ၀ါးတွေတောင် ထိုင်းနိုင်ငံကနေ မှောင်ခိုသွင်းနေရတယ်ဗျာ။ ဘာမှအဓိပ္ပာယ်မရှိဘူး။ သူတို့တတွေ အချိန်အပိုင်းအခြားမရှိ တည်တံ့ နိုင်မယ်လို့ ကျုပ်တော့ မထင်ဘူး။

“ကြည့်အုံး။ ရန်ကုန်ကအစိုးရရုံးကို ပိတ်ပစ်လိုက်ပြီး ပျဉ်းမနားဆိုလား ဘာဆိုလား ခေါ်တဲ့၊ ဘာမှ မရှိတဲ့နေရာကို ရွှေ့သွားတယ်။ အဲဒီမှာ သူတို့အတွက် အဖိုးတန်အိမ်ကြီးအိမ်ကောင်းတွေနဲ့ ဂေါက် ကွင်းတကွင်း ဆောက်နေတယ်ဗျ။ အကြီးဆုံးဗိုလ်ချုပ်ကလည်း ငွေကိုရေလိုဖြုန်းတဲ့မင်္ဂလာပွဲ လုပ်
ခဲ့တယ်။ ဒီပွဲလုပ်တာကို ယူကျူ့ဘ်မှာတင်လိုက်သေးတယ်။ အဲဒီသမီးတော်က ဆင်ထားလိုက်တာ ခရစ္စမတ်သစ်ပင် ကျနေတာပဲ။ ဒီလိုအလွန်အကျွံသုံးဖြုန်းပြတာတွေက ငတ်ပြတ်မွဲတေနေတဲ့ လူထုတွေကို သူပုန်ထဖို့ တွန်းမှာပေါ့ဗျ။ ဘာတွေဖြစ်လာမလဲတော့ ကျုပ်မသိဘူး။ ဘာလို့လဲဆို
တော့ စစ်တပ်က အခရာကျနေတယ်လေ။ စစ်တပ်က အုပ်ချုပ်ရေးကိရိယာတန်ဆာပလာတွေ အားလုံးကို ဖျက်သိမ်းထားတာကြောင့် စစ်တပ်ကိုဖျက်လိုက်ရင် တိုင်းပြည်ခမျာ ကိုယ့်ဟာကိုယ် အုပ်ချုပ်နိုင်ဖို့ ဘာယန္တရားမှမရှိဘူး ဖြစ်နေတယ်” လို့ အောက်တိုဘာ (၉)ရက်နေ့မှာ ဗြောင်ထုတ် ပြောချလိုက်ပါတယ်။

လီကွမ်းယူးဟာ အာရှတန်ဖိုး ဆိုတဲ့အယူအဆကို ပထမဆုံးစတင်ဖော်ထုတ်ရပ်ခံခဲ့သူ ဖြစ်ပြီး အာဏာရှင်စနစ်နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွဲစပ်ပေးသူဖြစ်ပါတယ်။ စင်ကာပူ၊ တိုင်ဝမ်၊ တောင်ကိုရီးယား၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နိုင်ငံတွေဟာ အာဏာရှင်စနစ် တွေကြောင့် စီးပွားရေးတိုးတက်ခဲ့ပြီး၊ အာရှကျား အာရှနဂါးအဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်လို့ ကြော်ငြာထုတ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် နအဖ လက်အောက်မြန်မာနိုင်ငံကတော့ လီကွမ်းယူး
ဝါဒနဲ့ ဘယ်လိုမှအံမ၀င်တဲ့ ဧရာမလွဲချော်မှုကြီး ဖြစ်နေလို့ အခုလိုညည်းနေတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ကနေ တရားဝင်ထုတ်ဝေတဲ့ The Voice ဂျာနယ် အောက်တိုဘာ ၁၅၊ ၂၀၀၇ ထုတ်မှာပါတဲ့ စီးပွားရေးဆွေးနွေးခန်းတခုကိုကြည့်ပါအုံး။
“ကျနော် ပုဂံမှာ Coffee Shop (ကော်ဖီဆိုင်) တခုသွားဖွင့်မယ်။ အင်တာနက်၊ ရေကူးကန်၊ Fast Food (အမြန်စား စားသောက်ဆိုင်)၊ အ၀တ်လျှော်စက်၊ လူသုံးကုန်ပစ္စည်း အရောင်းဆိုင်(7/11) တွဲရက်ထားမယ်လို့ ပြင်ဆင်တော့ မိတ်ဆွေတဦးက ပြောတယ်၊ အစ်ကို ကမ္ဘောဒီးယားမှာ သွားဖွင့်ပါတဲ့။”
“ပုဂံမှာသွားဖွင့်ရင် လူဘယ်လောက်ဝင်မလဲ မသေချာဘူး။ ပစ္စည်းသယ်ဖို့ ကားခပ်ညံ့ညံ့တစီးကို သိန်း (၁၅၀) လောက်ပေးရမယ်။ တယ်လီဖုန်းက သိန်း (၃၀) လောက် ရင်းရမယ်။ သိန်း (၂၀၀) လောက် ရင်းပြီးတဲ့အထိ ခင်ဗျားဆိုင် ဘယ်နားနေမှန်းမသိရဘူး။ ကမ္ဘောဒီးယားကို သွားလိုက်ရင် တော့ အဲဒီငွေနဲ့ Foreign Investor (နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ) ဖြစ်သွားမယ်။”
“ကမ္ဘောဒီးယားမှာ GSM(ဂျီအက်စ်အမ်) တယ်လီဖုံး ကတ်တကတ်ကို မြန်မာကျပ်ငွေ တသောင်း၊ တိုယိုတာဖင်ကောက်တစီးကို (၅၀) လောက်ပဲပေးရတယ်။ တနိုင်ငံလုံး ဒေါ်လာပဲ ကိုင်သုံးကြ
တယ်။”

ကွယ်လွန်သူ ဂီတစာဆိုကြီး ဆရာမြို့မငြိမ်းဟာ လွန်ခဲ့တဲ့ နှစ် (၅၀)ကျော်ကတည်းက လူချွန် လူကောင်း သီချင်းထဲမှာ မြန်မာနိုင်ငံသားတွေကို ခေတ်မီမီကမ္ဘာကြည့် ကြည့်မြင်ပြီး ကမ္ဘာကို ထိုးဖောက်အမီလိုက်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ဒါပေမယ့် စစ်အာဏာရှင်စနစ် မင်းထုံမင်းထိုင်း တွေလက်အောက် (၄၅) နှစ်ရောက်ခဲ့ပြီးနောက် မြန်မာ့စီးပွားရေးအခြေအနေဟာ ဂလိုဘယ်လ် လိုက်ဇေးရှင်းခေါ်တဲ့ ဆရာမြို့မငြိမ်းရဲ့ ကမ္ဘာကြည့်အခင်းအကျင်းနဲ့ ဘယ်လောက်ထိစပ်မိနေပါပြီ
လဲ။ ဂလိုဘယ်လိုက်ဇေးရှင်းလှိုင်းလုံးကို ဘယ်လောက် လက်ခံ စီးနင်းနိုင်နေပါပြီလဲ။

ဒီနေရာမှာ တကမ္ဘာလုံးကနိုင်ငံပေါင်းစုံရဲ့စီးပွားရေးတွေကို ၂၁ ရာစု ရုပ်ပုံကားချပ်ထဲ ဆွဲစေ့ပေးဖို့ တာဝန်ယူထားတဲ့ ကမ္ဘာ့ဘဏ်ရဲ့သတ်မှတ်ချက်တွေ သဘောထားတွေကလည်း အဓိက ကျလာ ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ဂလိုဘယ်လ်လိုက်ဇေးရှင်း စံသတ်မှတ်ချက် (၀ါ) တိုက်တွန်းချက်က ယေဘုယျအားဖြင့် (၁၀) ချက်ရှိပါတယ်။
၁။ ကုန်သွယ်ရေးလွတ်လပ်ပျော့ပျောင်းခြင်း
၂။ ဈေးကွက် ထိန်းချုပ်မှုလျှော့ပေါ့ပေးခြင်း
၃။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ပျော့ပျောင်းခြင်း
၎။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ပုဂ္ဂလိကပိုင်ပြုခြင်း
၅။ ဈေးကွက်ပေါက်အတိုးနှုန်းရှိခြင်း
၆။ ဈေးကွက်ပေါက်ငွေလဲနှုန်းရှိခြင်း
၇။ ပုဂ္ဂလိကပိုင်ပစ္စည်းလုံခြုံမှုဥပဒေရှိခြင်း
၈။ အခွန်စနစ်ပြုပြင်ပြောင်းလဲခြင်း
၉။ ဘတ်ဂျက်ပိုငွေ လိုငွေမျှအောင်ထိန်းထားခြင်း
၁၀။ စီးပွားရေးတိုးတက်ရေးနှင့် ဆင်းရဲသားအကျိုးပြုရေးစီမံချက်များရှိခြင်း
နအဖတွေ စီမံခန့်ခွဲနေတဲ့ မြန်မာပြည်အခြေအနေကို ဒီ (၁၀) ချက်နဲ့ ချိန်ထိုးကြည့်တဲ့အခါ ...

အခုတမျိုး တော်ကြာတမျိုး၊ ရှေ့နောက်မညီ၊ စိတ်ထင်ရာချမှတ်ထားတဲ့၊ အဓိပ္ပာယ်မဲ့တဲ့ တံခါးပိတ်ကုန်သွယ်ရေးအကန့်အသတ်တွေ၊ မလွတ်လပ်တဲ့ ဈေးကွက်ထိန်းချုပ်မှုတွေဟာ ပြည်တွင်း ဈေးကွက်မှာရော၊ နယ်စပ်ကုန်သွယ်ရေးမှာရော၊ ပုံမှန်ပြည်ပကုန်သွယ်ရေးမှာပါ ကြီးကြီးမားမားရှိနေတယ်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေအတွက် လက်တွေ့လုပ်ငန်းလည်ပတ်မှုမှာ အကန့်အသတ်
တွေ ချို့ယွင်းချက်တွေကို ဘာမှဖြေရှင်းမပေးနိုင်ဘဲ ဦးနှောက်မသုံးဘဲနဲ့ နိုင်ငံခြားငွေရရေး သက်သက်ကိုသာ ဦးထိပ်ထားနေတယ်။ ကိုရီးယားနဲ့ တိုင်ဝမ်တို့က အထည်ချုပ်ကုမ္ပဏီတွေဟာ အလုပ်သမားတွေကို လစာပေးရာမှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတဆင့် ပေးရပါတယ်။
ဒီအခါ ကော်မရှင်က လစာရဲ့တ၀က်ကို ဖြတ်ယူထားလိုက်တဲ့အတွက် အလုပ်သမားတွေဟာ ကုမ္ပဏီကပေးတဲ့လစာ (၀ါ) တကယ်ရ,ရမယ့်လစာရဲ့ တ၀က်ပဲရပါတော့တယ်။ အလုပ်သမား
တွေက လစာနည်းတာကို မကျေနပ်လို့ လစာတိုးတောင်းတဲ့အခါ အလုပ်ရှင်တွေပဲ တရားခံဖြစ်ရ ပြဿနာတက်ရပါတယ်။ ဒါ့အပြင် နဂိုကတိပေးထားသလိုမဟုတ်ဘဲ မီးမှန်မှန်မရလို့ သို့မဟုတ် လုံးဝမရလို့ မီးစက်နဲ့ မောင်းရတာလိုမျိုး စရိတ်အပိုတွေကုန်ပြီး အရှုံးတွေထပ်ပေါ်ကုန်တာလည်း နေရာတကာပါပဲ။

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်လုပ်ရာမှာ အရေးမပါတဲ့ ရုပ်ရှင်ရုံတွေပဲ အဓိက ပေးနေပါတယ်။ တောက်လျှောက်အရှုံးပေါ်နေတဲ့၊ အရေးပါတဲ့လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင် လုပ်တာမရှိသလောက်ဖြစ်ပါတယ်။ စတော့ဈေးကွက်ဆိုတာ ဘယ်လိုမှ မပေါ်နိုင်ဖြစ်နေတယ်။

ဈေးကွက်ပေါက်အတိုးနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်းထက် အများကြီးလျော့နည်းနေတဲ့ အတိုးနှုန်း
ကို ဗဟိုအစိုးရက အမိန့်အာဏာနဲ့ သတ်မှတ်ထားတယ်။ ဘဏ်လုပ်ငန်းတွေ ပျက်စီး၊ အကြွေးဝယ် ကတ်မရှိ၊ အေတီအမ်ကတ်မရှိ။ လွန်ခဲ့တဲ့ (၃-၄) နှစ်က အကြီးအကျယ်ပြဿနာပေါ်ခဲ့တဲ့ အကျိုး ဆောင်ကုမ္ပဏီတွေ ခုထိစာရင်းမရှင်းနိုင်သေး။

တကယ့်ပေါက်ဈေးထက် အဆပေါင်းများစွာနိမ့်ကျတဲ့ နိုင်ငံခြားငွေလဲနှုန်းကို အသေဖက်တွယ်နေ တယ်။ တချို့လုပ်ငန်းတွေအတွက်လည်း ငွေလဲနှုန်းတွေ စိတ်ထင်သလို သတ်မှတ်ထားပြန်တယ်။

ပြည်သူလူထုနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ မြေယာအိုးအိမ် အဆောက်အဦ လုပ်ငန်းပိုင်ဆိုင်မှု တွေကို လျော်ကြေးမပေးဘဲ စိတ်ထင်သလို ဥပဒေမဲ့သိမ်းယူတာတွေ အနှံ့အပြား ရှိနေတယ်။ အရင်းရှင်ဈေးကွက်စီးပွားရေးစနစ်ရဲ့ အသက်ဖြစ်တဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဟာ လုံးဝအာမခံချက်မရှိ
ဘူး။ ဒါကြောင့် နအဖဟာ အာဏာရပြီး (၁၉) နှစ်ကြာတဲ့အထိ ပုဂ္ဂလိကပိုင်ဆိုင်မှုကို တကယ် အာမခံရတဲ့ ကွန်ဒိုဥပဒေတို့၊ အထူးစီးပွားရေးဇုန်ဥပဒေတို့ကို မထုတ်ပြန်ဘဲထားတယ်။

အခွန်စနစ်ဟာ လုံးဝပရမ်းပတာဖြစ်နေတယ်။ တရားဝင်အခွန်နာမည်မခံတဲ့ ကောက်ခံမှု အမျိုး
မျိုးကလည်း စာရင်းမရှိ အင်းမရှိ အပြန့်အနှံ့ဖြစ်နေတယ်။ ကိုးကန့်ငြိမ်းအဖွဲ့ရဲ့ ဂိုဏ်းခွဲတခုက ထူထောင်ခဲ့တဲ့ PMG အရက်ကုမ္ပဏီကို အမြတ်ခွန် ကျပ်သိန်းပေါင်း တသိန်းနှစ်သောင်း (၁၂၀,၀၀၀,၀၀၀,၀၀၀) တောင်းတော့ မပေးနိုင်တဲ့အတွက် ထိုကုမ္ပဏီခမျာ ပျက်လုလုဖြစ်သွား တယ်။

ကမ်းလွန်သဘာဝဓာတ်ငွေ့ကနေ တနှစ်ကို ဒေါ်လာ ၁ ဘီလီယံကနေ (၂) ဘီလီယံကျော်အထိ ၀င်နေပေမယ့် ဘတ်ဂျက်လိုငွေ ကြီးကြီးမားမား တောက်လျှောက်ပြနေတယ်။ ခေါင်ကစပြီး ဖြုန်း
တီး ခိုးဝှက်နေတာကို ဘယ်လိုမှ မထိန်းနိုင်ဘူး။

စီးပွားရေးတိုးတက်စေဖို့ စီမံချက်တွေကို ဦးနှောက်ရှိရှိနဲ့ ပညာရှင်တွေက ချမှတ်တာမရှိဘဲ စီးပွား
ရေး ဘာမှနားမလည်တဲ့ စစ်ဗိုလ်တွေကသာ ထင်သလိုစီမံချက်တွေချတာကို ပညာရှင်တွေက လိုက်နာနေရတယ်။ ဆင်းရဲမှုပပျောက်ရေးဆိုတာ ဗမာပြည်မှာ တခါမှမကြားဖူးဘူး။ တနိုင်ငံလုံး ချမ်းသာဖွံ့ဖြိုးနေပြီလို့ပဲ တလျှောက်လုံး ၀ါဒဖြန့် လိမ်ညာနေတယ်။

တခုရှိတာက ဒီ (၁၀) ချက်မရှိလည်း နိုင်ငံတကာစီးပွားရေးသမားတချို့ကတော့ ငါးသလောက် စီးပွားရေးနဲ့ အကြံအဖန်လုပ်လို့ ရနိုင်မယ်၊ ထူးခြားတဲ့အနေအထားတွေ (ဓာတ်ငွေ့၊ ရေနံ၊ သတ္တု စသဖြင့်) အရ အလုပ်ဖြစ်နိုင်မယ်လို့ ယူဆပြီး ၀င်လုပ်တာတွေရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ အရင် တရားဝင်တံခါးပိတ်စီးပွားရေး မဆလခေတ်ကတည်းက ဟီးနိုး၊ မာဇဒါ၊ ရှလမ်ဘာဂျာ၊ ဖရစ်ဇ်ဝါနာ ကုမ္ပဏီတွေ ၀င်လုပ်ခဲ့တာပါဘဲ။ ဒါပေမယ့် အဲဒါလောက်နဲ့ ကမ္ဘာ့စီးပွားရေး ဂလိုဘယ်လ်လိုက် ဇေးရှင်းလောကထဲ ရောက်မသွားပါဘူး။

ကမ္ဘာ့ဘဏ်ရဲ့ ဂလိုဘယ်လ်လိုက်ဇေးရှင်းစံနှုန်း (၁၀) ချက်ကို အစိုးရပိုင်းတွေက ဘယ်လောက် ဖြည့်ဆီးနိုင်စွမ်းရှိသလဲ ဆိုတာကို ကမ္ဘာလုံးဆိုင်ရာအစိုးရအုပ်ချုပ်ပုံအညွှန်းကိန်း Worldwide Governance Indicators (WGI) project အစီအစဉ်နဲ့ တိုင်းတာတာဖြစ်တယ်။ ဒီအစီအစဉ်မှာ တကမ္ဘာလုံးက နိုင်ငံနဲ့ဒေသပေါင်း (၂၁၂) ခုကို ၁၉၉၆ ခုကနေ ၂၀၀၆ ခုနှစ် ကာလအတွင်း ကမ္ဘာ့ဘဏ်က ကြီးမှူးလေ့လာထားပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ဒီအညွှန်းကိန်း (၆)ခု ပေါ်ကနေ ကမ္ဘာ့နိုင်ငံတွေကို ဆန်းစစ်ပြီး ဒီနိုင်ငံတွေနဲ့ တွဲလုပ်လို့ရနိုင် မရနိုင် စဉ်းစားဆုံးဖြတ်တာ ဖြစ်ပါ
တယ်။ အရင်ကတော့ ဒီအကဲဖြတ်တိုင်းတာချက်တွေကို ကမ္ဘာ့ဘဏ်က လျှို့ဝှက်ထားလေ့ရှိပါ
တယ်။ အခုမှ လူသိရှင်ကြားထုတ်ပြန်တာဖြစ်ပါတယ်။

အစိုးရအုပ်ချုပ်ပုံ Governance ဆိုတာ တိုင်းပြည်တပြည်ရဲ့အာဏာပိုင်က ကျင့်သုံးတဲ့ ထုံးတမ်း စဉ်လာတွေနဲ့ အဆောက်အအုံတွေ အတွဲလိုက်ကို ဆိုလိုတာဖြစ်တယ်။ ဒီထဲမှာ (၁) အစိုးရတွေကို ရွေးချယ်၊ ကြီးကြပ်၊ အစားထိုးတဲ့ဖြစ်စဉ်၊ (၂) ခိုင်မာကောင်းမွန်တဲ့ပေါ်လစီတွေကို ထိထိရောက် ရောက်ဖော်ထုတ် အကောင်အထည်ဖော်နိုင်တဲ့ အစိုးရအစွမ်းအစ၊ (၃) မိမိတို့ကြားက စီးပွားရေး လူမှုရေး အပြန်အလှန်ဆက်စပ်မှုတွေကိုစိုးမိုးတဲ့ အဆောက်အအုံတွေအပေါ် နိုင်ငံသူ နိုင်ငံသား
တွေနဲ့ နိုင်ငံအစိုးရတို့က လေးစားမှုတို့ပါဝင်ပါတယ်။

အစိုးရအုပ်ချုပ်ပုံအညွှန်းကိန်းကို တိုင်းတာရာမှာ ဘက်(၆) ဘက်ရှိပါတယ်။ ဒါတွေကို ရှင်းရရင်
(၁) ပြည်သူ့အသံနဲ့တာဝန်ခံမှု ဆိုတာ နိုင်ငံသားတွေက ကိုယ့်အစိုးရကိုရွေးချယ်ရာမှာ ပါဝင် ပတ်သက်နိုင်တဲ့ အတိုင်းအတာ၊ ဒါ့အပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ မီဒီယာလွတ်လပ်ခွင့်တို့ကို တိုင်းတာတာဖြစ်တယ်။
(၂) နိုင်ငံရေးတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုကင်းမဲ့ခြင်း ဆိုတာကတော့ ပြည်တွင်းဆူပူသောင်းကျန်း
မှုနဲ့ အကြမ်းဖက်ဝါဒ အပါအ၀င် အစိုးရကို အခြေခံဥပဒေနဲ့မညီတဲ့နည်းလမ်း သို့မဟုတ် အကြမ်း ပတမ်းနည်းလမ်းတွေနဲ့ မတည်မငြိမ်ဖြစ်စေနိုင်တဲ့ အလားအလာ သို့မဟုတ် ဖြုတ်ချနိုင်မယ့်
အလားအလာတွေကို တိုင်းတာတာဖြစ်တယ်။
(၃) အစိုးရစွမ်းရည် ကတော့ အများပြည်သူ့အကျိုးဆောင်လုပ်ငန်းတွေရဲ့ အရည်အသွေး၊ အစိုးရ
ဝန်ထမ်းပိုင်းရဲ့ အရည်အသွေး၊ အစိုးရ၀န်ထမ်းပိုင်းအနေနဲ့ နိုင်ငံရေးဖိအားတွေက လွတ်လပ်မှု ပမာဏ၊ မူဝါဒရေးဆွဲဖော်ထုတ်မှုနဲ့ အကောင်အထည်ဖော်မှုအရည်အချင်း၊ ဒီမူဝါဒတွေကို အစိုးရ ကတာဝန်ယူရပ်ခံမှုအပေါ် ယုံကြည်နိုင်စွမ်း တို့ကိုတိုင်းတာတယ်။
(၄) ထိန်းကျောင်းကြပ်မတ်မှုအရည်အချင်း ဆိုတာကတော့ အစိုးရအနေနဲ့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကို ခွင့်ပြုမြှင့်တင်တဲ့၊ ခိုင်မာမှန်ကန်တဲ့မူဝါဒတွေ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲ ဖော်ထုတ် အကောင်အထည်ဖော်နိုင်မှု အစွမ်းအစကို တိုင်းတာတာဖြစ်တယ်။
(၅) တရားဥပဒေအာဏာပိုင်စိုးခြင်း ကတော့ ဥပဒေဘက်တော်သားတွေက လူ့အဖွဲ့အစည်းရဲ့ စည်းကမ်းဥပဒေတွေအပေါ် ယုံကြည်မှုအတိုင်းအတာ၊ လိုက်နာမှုအတိုင်းအတာတွေကို သတ်မှတ် တာဖြစ်တယ်။ အထူးသဖြင့် ရဲ၊ တရားရုံးစတဲ့ တရားဝင်အခွင့်ရ ဥပဒေစောင့်ထိန်းရေးအဖွဲ့တွေရဲ့ အရည်အသွေး၊ ဒါ့အပြင် ရာဇ၀တ်မှုနဲ့ အကြမ်းဖက်မှုအလားအလာကိုပါ တိုင်းတာပါတယ်။
(၆) အကျင့်ပျက်ခြစားမှုထိန်းချုပ်ခြင်း ကတော့ ပုဂ္ဂလိကအကျိုးအမြတ်အတွက် အများပြည်သူ ဆိုင်ရာအာဏာအသုံးချမှုကို တိုင်းတာဖြစ်ပါတယ်။ ဒီထဲမှာ အသေးစား အကြီးစား အဂတိလိုက် စားမှုတွေအပြင် နိုင်ငံတော်အစိုးရကို ရေပေါ်ဆီ လူ့မလိုင်တွေနဲ့ ပုဂ္ဂလိကအကျိုးစီးပွားတွေက “ဖမ်းထိန်း”ထားတာလည်းပါဝင်တယ်။

၂၀၀၆ ခုနှစ်အတွက် မြန်မာနိုင်ငံရတဲ့အညွှန်းကိန်းရမှတ်တွေကတော့ (စုစုပေါင်း အမှတ် ၁၀၀ မှာ)






























ပြည်သူ့အသံနဲ့ တာဝန်ခံမှု
ဝ.၀
နိုင်ငံရေးတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုကင်းမဲ့ခြင်း
၂၄.ဝ
အစိုးရစွမ်းရည်
၂.၈
ထိန်းကျောင်းကြပ်မတ်မှုအရည်အချင်း
၁.ဝ
တရားဥပဒေအာဏာပိုင်စိုးခြင်း
၃.၈
အကျင့်ပျက်ခြစားမှုထိန်းချုပ်ခြင်း
၁.ဝ

တို့ဖြစ်ပါတယ်။ ဒါဟာ ရွှေဝါရောင် တော်လှန်ရေး မဖြစ်ခင်က အမှတ်တွေဖြစ်တဲ့အတွက် အခု ၂၀၀၇-၂၀၀၈ အတွက်ဆိုရင် ဒုတိယအညွှန်းကိန်းက သုည သို့မဟုတ် သုညနားကပ်နေမှာ မလွဲပါဘူး။

ဒီထက်ပိုအရေးကြီးတဲ့ လေ့လာမှုကတော့ ၁၉၉၆ ခုကနေ ၂၀၀၆ ခုအထိ အစဉ်အဆက် အညွှန်းကိန်းလမ်းကြောင်းကို ဆန်းစစ်တာဖြစ်ပါတယ်။ ဒီလို (၁၀)နှစ်တာဦးတည်ချက် လမ်းကြောင်းကို ကြည့်လိုက်တဲ့အခါ အခုလိုတွေ့ရပါတယ်။

မြန်မာနိုင်ငံ အစိုးရအုပ်ချုပ်ပုံအညွှန်းကိန်း


























































































ခုနှစ်
၉၆
၉၈
၀၀ ၀၂ ၀၃ ၀၄ ၀၅ ၀၆
ပြည်သူ့အသံနဲ့ တာဝန်ခံမှု ၀.၀ ၁.၄ ၀.၅ ၀.၅ ၀.၀ ၀.၀ ၀.၀ ၀.ဝ
နိုင်ငံရေးတည်ငြိမ်မှုနဲ့အကြမ်းဖက်မှု ကင်းမဲ့ခြင်း ၁၃.၀ ၁၁.၅ ၈.၂ ၁၂.၀ ၁၃.၀ ၁၉.၂ ၂၁.၂ ၂၄.ဝ
အစိုးရစွမ်းရည် ၆.၂ ၇.၆ ၈.၁ ၅.၂ ၆.၆ ၂.၄ ၂.၄ ၂.၈
ထိန်းကျောင်းကြပ်မတ်မှုအရည်အချင်း ၁၄.၁ ၇.၈ ၃.၉ ၁.၀ ၁.၅ ၀.၀ ၁.၀ ၁.ဝ
တရားဥပဒေအာဏာပိုင်စိုးခြင်း ၈.၆ ၇.၆ ၈.၆ ၂.၉ ၄.၃ ၃.၈ ၂.၉ ၃.၈
အကျင့်ပျက်ခြစားမှုထိန်းချုပ်ခြင်း ၅.၃ ၄.၄ ၄.၄ ၃.၄ ၂.၉ ၀.၅ ၀.၅ ၁.ဝ

ကမ္ဘာ့ဘဏ်အမြင်မှာ အညွှန်းကိန်းအမှတ်နည်းတာက သိပ်အကြောင်းမဟုတ်ပါဘူး။ နည်းပေမယ့် ဒီဆယ်နှစ်ကာလအတွင်း အတက်ပြနေရင် အားပေးချီးမြှောက်ပါတယ်။ လိုအပ်တဲ့ဘဏ္ဍာရေး အကူအညီ နည်းပညာအထောက်အပံ့တွေ ပေးတာပါပဲ။ အစိုးရအုပ်ချုပ်ပုံ အညွှန်းကိန်း နိမ့်ပေမယ့်
လည်း တက်နေရင် စီးပွားရေးအရ ပြည်သူလူထုဝင်ငွေ တိုးများလာတာ၊ မွေးစကလေး သေနှုန်း ကျလာတာ၊ စာမတတ်မှုနှုန်းကျလာတာကို တိုက်ရိုက်အကျိုးဖြစ်စေပါတယ်။ အတက်မပြရင် သို့မဟုတ် တောက်လျှောက် အကျပဲပြနေရင်တော့ ကမ္ဘာ့ဘဏ်မကလို့ ကမ္ဘာ့ဘဏ်ဘိုးအေကနေ ဘယ်လောက် ဘဏ္ဍာရေးအကူအညီ အထောက်အပံ့ပေးပေး သဲထဲရေသွန်ဖြစ်မယ်ဆိုတာ (၂၀) ရာစုအတွင်း နိုင်ငံတကာမှာ သက်သေတွေ အထင်အရှားရှိခဲ့ပါပြီ။

ပြည်သူ့အသံနဲ့ တာဝန်ခံမှုပိုင်းမှာ ရမှတ်ကွာခြားချက်ဟာ မြန်မာနဲ့ ကာဇက်စတန်နိုင်ငံ ကြား၊ ကာဇက်စတန်နဲ့ အင်ဒိုနီးရှားနိုင်ငံကြား၊ အင်ဒိုနီးရှားနဲ့ တောင်အာဖရိကနိုင်ငံကြား စီးပွားရေး တိုးတက်မှုကွာခြားချက်တွေကို ဖော်ဆောင်နေပါတယ်။ အလားတူဘဲ တရားဥပဒေအာဏာပိုင်စိုး ခြင်းအပိုင်း တိုးတက်မှုအရ ဆိုမာလီယာနဲ့ နိုင်ဂျီးရီးယားကြား၊ နိုင်ဂျီးရီးယားနဲ့ မက်ဆီဒိုးနီးယား
ကြား၊ မက်ဆီဒိုးနီးယားနဲ့ ဂရိကြား၊ ဂရိနဲ့ ကနေဒါနိုင်ငံကြား ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်တွေကို ဖော်ကျူးနေပါတယ်။

ဖွံ့ဖြိုးပြီးအနောက်နိုင်ငံတွေမှသာ ၀င်ငွေတိုးတက်ပြီး လူမှုအခြေအနေတိုးတက်တာ မဟုတ်ပါဘူး။ တနည်းအားဖြင့် စီးပွားရေးဖွံ့ဖြိုးမှ အစိုးရအုပ်ချုပ်ပုံအရည်အချင်းမြင့်လာတာ မဟုတ်ပါဘူး။ အစိုးရ အရည်အသွေးမြင့်မှ စီးပွားရေးဖွံ့ဖြိုးတိုးတက်တာဖြစ်တယ်။ ဒီ အစိုးရအုပ်ချုပ်ပုံအရည်အသွေးရဲ့ ပဓာနကျတဲ့အခန်းကို အခုအခါ ပညာရှင်တွေရော မူဝါဒရေးဆွဲသူတွေပါ အများစုကြီးက လက်ခံ ထားပြီဖြစ်ပါတယ်။

ဒါပေမယ့် ဒီ WGI project မှာ တွေ့နေရတာက ဗမာပြည်မှာ နအဖရဲ့ အစိုးရအုပ်ချုပ်ပုံ အရည် အချင်းက တောက်လျှောက် အကျပဲပြနေပြီး ဘယ်လိုမှသုံးစားမရတာဖြစ်နေတော့ အကူအညီ ပေးချင်တာတောင် ပေးမရနိုင်ဖြစ်နေပါတော့တယ်။ ကမ္ဘောဒီးယား၊ လော၊ ဗီယက်နမ်၊ ဘင်္ဂလား
ဒေ့ရှ်တို့မှာဆိုရင် အညွှန်းကိန်းရမှတ်တွေနိမ့်ပေမယ့် တနှစ်ထက်တနှစ် သိသိသာသာတက်နေလို့ တဦးချင်းဝင်ငွေ ၂ ဆ-၃ ဆ စသဖြင့် တက်လာပါတယ်။ ဒါ့ကြောင့် ကမ္ဘာ့ဘဏ်ရဲ့ အကူအညီ အထောက်အပံ့တွေ ရကြပါတယ်။ ချေးတဲ့ငွေအတွက် အတိုးရော အရင်းပါ ပြန်ဆပ်နိုင်ဖို့သေချာ
လို့ ကမ္ဘာ့ဘဏ်က ငွေချေးတာဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ဟာ အလှူဒါနပြုတဲ့ ကုသိုလ်ဖြစ်အဖွဲ့ မဟုတ်ဘဲ ကုမ္ပဏီတခုလို စီးပွားရေးအရ အကျိုးအမြတ်ကိုသာ အဓိကထားတွက်တာဖြစ်ပါတယ်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအုပ်ချုပ်ပုံတခုတည်းကသာ အဓိကကျတာတော့ မဟုတ် ပေမယ့် အာရုံစိုက်အလေးထားရမယ့် အရေးကြီးအချက်အလက်တခုတော့ ဖြစ်နေပါတယ်။

0 comments: