ဧရာဝတီ| ဇန်နဝါရီ ၁၇၊ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC) အနေနှင့် “မြန်မာပြည်အရေးညှိနှိုင်းဆွေးနွေးပွဲ” အမည်ရှိ တံခါး ပိတ်ဆွေးနွေး ပွဲတရပ်ကို ဇန်နဝါရီ ၁၇ရက်နေ့၌ ကျင်းပရန် ရည်ရွယ်ထားကြောင်း ကမ္ဘာ့ကုလသမဂ္ဂ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
၎င်းဆွေးနွေးပွဲမှာ စက်တင်ဘာအရေးအခင်းနောက်ပိုင်းတွင်ကျင်းပသည့် မြန်မာပြည်အရေး စတုတ္ထမြောက် အစည်းအဝေး ဖြစ်ပြီး ယခင်သုံးကြိမ်အနက် နှစ်ကြိမ်တွင်မည်သည့်ထူးခြားမှုမျှ မရှိခဲ့ပေ။
အောက်တိုဘာ၁၁ရက်နေ့ကကျင်းပသည့် ဆွေးနွေးပွဲတွင်မူ လုံခြုံရေးကောင်စီဥက္ကဌ၏ ကြေငြာချက်တရပ် ထုတ်ပြန်ခဲ့ရာ ရင်းကြေငြာချက်တွင် “လုံခြုံရေးကောင်စီအနေနှင့် မြန်မာပြည်တွင်းငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စစ် အစိုးရက အကြမ်းဖက် နှိမ်နင်းမှုကို အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်းနှင့် ဖမ်းဆီးချုပ်နှောင်ထားသည့် နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်မြောက်ရေးအတွက် အလေးပေးဆောင်ရွက်သင့်သည်” ဟုပါ ဝင်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက လုံခြုံရေးကောင်စီကကျင်းပမည့် ဆွေးနွေးပွဲကို ကြိုဆိုကြောင်းနှင့် မြန်မာပြည်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် UNSC ၏တိုက်တွန်းလှုံ့ ဆော်မှုများစွာ လိုအပ်ကြောင်း ဧရာဝတီသို့ ယနေ့ပြောကြားလိုက်သည်။
“ကျနော်တို့အနေနဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်မစ္စတာ ဘန်ကီမွန်းဆီကို အစီအရင်ခံ စာတစောင်ပို့ထားပါ တယ်၊ အဲဒီစာမှာ မြန်မာပြည်နိုင်ငံရေးအတွက် ကုလသမဂ္ဂရဲ့အခန်းကဏ္ဍက အရေးကြီးတယ်ဆိုတာနဲ့ ပြည်တွင်းကို အမှန်တကယ်လာပြီး အမှန်တကယ်အရေးယူဆောင်ရွက်ဖို့ ပါဝင်ပါတယ်” ဟု၎င်းကပြောသည်။
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်း အစိုးရအဖွဲ့(NCGUB) မှ ဒေါက်တာစန်းအောင်ကမူကုလ သမဂ္ဂအထူး ကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီအနေနှင့် မြန်မာပြည်၏အိမ်နီးချင်းနိုင်ငံများဖြစ် ကြသောအိန္ဒိယနှင့် တရုတ်သို့ သွားရောက်ရန် အစီအစဉ်ရှိနေရာ ၎င်းကိုမြန်မာပြည်အရေးနှင့် ပတ်သက်၍ လုပ်ပိုင်ခွင့် အာဏာခေါ်ပေးခြင်းဖြစ်နိုင်သည် ဟုသုံးသပ်သည်။
သို့ရာတွင် UNSC ကအရေးယူ ဆောင်ရွက် သည့်တိုင်အောင်မြန်မာပြည် ခံစားနေရသည့်ဒုက္ခကို ကယ်တင် ရာရောက်ဦးမည် မဟုတ်သေးကြောင်း လေ့လာသူတို့က ဝေဖန်ပြောကြားသည်။
“ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်အရေးကိစ္စကိုဆောင်ရွက်ရာမှာ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေရဲ့ မြန်မာပြည် အပေါ်လွှမ်းမိုးနိုင်မှုကို အသုံးချသင့်သလို အဲဒီနိုင်ငံတွေကလည်း ကုလသမဂ္ဂကိုထောက်ပံ့ ပေးသင့်တယ်” ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး နီကိုးလတ်စ်ဘန်းက ဇန်နဝါရီ၈ရက်နေ့ ထုတ် ဝါရှင်တန်ပို့စ် သတင်းစာတွင် ရေးသားထားသည်။
ဆက်လက်၍ ၎င်း၏သုံးသပ်ချက်တွင် “အကောင်းဘက်ကတွေးရင်တော့ ဂမ်ဘာရီအနေနဲ့ လုံခြုံရေး ကောင်စီနဲ့လက်တွဲပြီး မြန်မာပြည်အရေးကိုအောင်မြင်မှုရအောင်ဆောင်ရွက်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ပါ တယ်” ဟု ဖော်ပြထားသည်။
မစ္စတာဂမ်ဘာရီသည် နိုဝင်ဘာအစောပိုင်းကာလက မြန်မာပြည်သို့ သွားရောက်ခဲ့သော်လည်း မြန်မာစစ်အ စိုးရအနေနှင့် ၎င်းနှင့်ဆွေးနွေးရန် အဆင်သင့်မဖြစ်ခဲ့ပေ။ ၎င်းအနေနှင့် ၂၀၀၈ဇန်နဝါရီအတွင်း မြန်မာပြည်သို့ ပြန်လည်လာရောက် နိုင်မည်ဟု မျှော်လင့်ကြောင်း ဒီဇင်ဘာ၁၈ရက်နေ့ကပြောကြားခဲ့သော်လည်း မြန်မာစစ်အစိုးရက ရွှေ့ဆိုင်းလိုက်သဖြင့် ဧပြီလသို့နောက်ဆုတ်သွားရဟန်ရှိကြောင်း လေ့လာသူတို့က သုံးသပ်သည်။
Friday, January 18, 2008
မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ လုံခြုံရေးကောင်စီတွင်ကျင်းပ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment