ကမ်းပျက်တွေအကြောင်း
ရေတက်ဦးမှာ
ယစ်မူးပျော်ဝင်
ဣနြေ္ဒရှင်ကဲ့သို့။
တချို့ ငါးတွေရိုင်းကြ
ကျောက်ဆောင်ကမ်းပါးတွေကလည်း
ပက်ပက်စက်စက်ကို ဆီးကြတားကြ
ဒိုက်၊ သရော၊ မှော်မြစ်ဝှမ်းကြီးတွေနဲ့လည်း
လွှဲမရ၊ ရှောင်မရ
အတူစီးခဲ့ရ။
အဲဒီလို
လောကဓံတရားရဲ့
ဖြစ်ရိုးဖြစ်စဉ် တိုက်ပွဲတိုင်းမှာ
ယုံကြည်ချက်အတိုင်း စီးတဲ့မြစ်ဟာ
ရသဗေဒရဲ့
မပျက်သုဉ်းနိုင်တဲ့ခွန်အား
သစ္စာတရားရဲ့ ထာဝရအလှမို့
မြစ်တွေ စီးနေကြဦးမယ်
စည်းမဲ့တတ်တဲ့ကမ်းတွေ
လွမ်းစရာမကောင်းလောက်အောင် ပျက်နေကြဦးမယ်
သေချာတယ်။ ။
ကမာပုလဲ
၁၅-ရက်နေ့၊ ဇန်န၀ါရီ၊ ၂၀၀၇
Tuesday, January 15, 2008
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment