သစ်ကောင်းအိမ်
မင်းအချစ်မှာ
မြစ်ဖျားခံစီးဆင်းတဲ့
မြစ်တစင်းဖြစ်ခဲ့တယ်။
မြစ်တွေရဲ့ အမြစ်ဆီ
ရေငုပ်ဆင်းခဲ့
အမြစ်တွေ တန်းလန်းနဲ့။
မြန်မာပြည်ရဲ့
အနောက်တောင်စွန်းမှာ
ကိုယ့်အလောင်းကိုယ်
ပင်လယ်ထဲက ပြန်ဆယ်ခံရတဲ့
မြစ်တစင်းလည်းဖြစ်ခဲ့တယ်။
ရိုးရာအဆက်ဆက်
ငါ့ကမ်းပါးမှာ
ဝှက်ထားတဲ့ဓားတွေရှိတယ်။
မင်းဟာ
ငါ့ ဧရာဝတီဖြစ်တယ်။
ငါ့ သင်္ချိုင်းးဟာ
မင်းနှလုံးသားထဲမှာပဲ ရှိတယ်။ ။
Monday, January 7, 2008
င၀န်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment