Tuesday, January 1, 2008

ကြေကွဲခြင်းများစွာဖြင့် ကြိုလိုက်ရသော နှစ်သစ်

ကမာပုလဲ (ကျောင်းသားတပ်မတော်)

ကျနော်
ရဲဘော်တွေ အသက်သွေးနဲ့
ရေးခဲ့တဲ့ အလုပ်စားပွဲပေါ်
File (ဖိုင်) အဟောင်းတွေရှာဖတ်ခဲ့
တချို့ တောက်ပ
တချို့ မှေးမှိန်ပျောက်ကွယ်
တချို့ကတော့ ပုဂ္ဂလ ဓနပင်လယ်မှာ
နေသားတကျ ယစ်မူးပျော်ဝင်။

ကျနော် မရေးဖြစ်ခဲ့
ရေးရမှာကြောက်နေတဲ့
Diary (မှတ်တမ်း) စာအုပ်ကလေးကို
အမှုမဲ့ အမှတ်မဲ့ ပြန်ဖတ်ခဲ့
စကားလုံးတွေက အဖြစ်အပျက်တွေကို
သွေးစိမ်းရှင်ရှင် မှတ်တမ်းတင်နေ
မှတ်တမ်းတွေက သမိုင်းဖြစ်
သမိုင်းတွေက
မျိုးဆက်မကွာဟသွားတဲ့
အမေ့ဘ၀ အကြောင်း
ပြန်ပြောင်း ပြောပြ နေကြတယ်။

ကျနော်တို့ မမှားခဲ့ဘူး
ကျနော်တို့ ဘ၀နဲ့ ရွေးခဲ့ရတဲ့ လမ်းဟာ မမှားဘူး
အဲဒါ သေချာတယ်
ရတနာ သုံးပါးထဲက
သံဃာတွေ အသက်သေပြခဲ့တဲ့
နှစ်ထောင့်ခုနှစ်(၂၀၀၇) ခုနှစ်
တော်လှန်ရေး သမိုင်းမှတ်ကျောက်
တွင်ရစ်စေ ။ ။

...........................................................

Ushering New Year with Sorrow
Translated by Thway Ni
[Burmese Bloggers w/o Borders (BBWOB)]


At the work-table,
Splattered with my comrades' blood,
I flipped through old "files".
Some are still luminous,
Some have lost their shine,
Alas, some have even dissolved conveniently into this materialistic world.

Carelessly, I turned the pages of a diary,
That I was afraid to write in, for a long time.
Inside there,
The words depict a bloody chronicle,
Including the life of my mother.

Surely,
We have not blundered,
The path, chosen with our lives, has not been in vain.
May the movement of 2007,
Upheld by sacrifices of Sangha,
Who is among Three gems of Veneration,
Remain as a symbol of revolutionary touchstone for Burma.

1 comments:

Anonymous said...

၂၀၀၈ ခုနှစ်ရဲ့ နေ့သစ်မှာ ၂၀၀၇တွက် ဒီကဗျာလေးနဲ့ ခံစားသွားပါတယ် ။