ခေတ်ပြိုင်-ကျော်ထင်/ ၆ ဒီဇင်ဘာ ၂၀၀၇
မြန်မာစစ်အစိုးရသည် အဓမ္မရွှေ့ပြောင်းမှု၊ အိုးအိမ်နှင့် မြေယာ ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်နေကြောင်း ကုလသမဂ္ဂ အိုးအိမ်ပိုင်ဆိုင်မှု အခွင့်အရေးနှင့် အဓမ္မမောင်းထုတ်ခံရ မှုဆိုင်ရာအဖွဲ့ COHRE ၏ ယမန်နေ့ အစီရင်ခံစာ၌ ဖော်ပြသည်။
တိုင်းရင်းသားလူမျိုးစုဒေသများ၌ စစ်အစိုးရ၏ အိုးအိမ်နှင့် မြေယာ ပိုင်ဆိုင်မှု အခွင့်အရေး ချိုးဖောက်မှု အချက်အလက်များအပေါ် အခြေခံ၍ ရေးသားထားသည့် “အဓမ္မရွှေ့ပြောင်းခံရမှုနှင့် မြေယာ ပိုင်ဆိုင်မှုအခွင့်အရေး” အစီရင်ခံစာ၌ အိုးအိမ်နှင့်မြေယာပိုင်ဆိုင်မှုအခွင့်အရေးသည် ဒီမိုကရေစီရေး၊ တရားမျှတမှုနှင့် ရေရှည် တည်တံ့သည့် အသက်မွေးဝမ်းကျောင်းမှုနှင့်ဆက်စပ်နေသည်ဟု ဖော်ပြထားသည်။
စစ်အစိုးရ၏ အဓမ္မရွှေ့ပြောင်းမှုနှင့် အိုးအိမ်နှင့်မြေယာပိုင်ဆိုင်မှုဆိုင်ရာအခွင့်အရေးကို စနစ်တကျ ချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံသားများသည် အိမ်နီးချင်းနိုင်ငံများတွင်ရွှေ့ပြောင်း အလုပ်သမားများအဖြစ်လည်းကောင်း၊ အိုးအိမ်စွန့်ခွာနေရသည့် ပြည်တွင်းဒုက္ခသည်များနှင့် နယ်စပ်ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ်လည်းကောင်း တိုးပွားနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြသည်။
အိုးအိမ်နှင့် မြေယာပိုင်ဆိုင်မှု အခွင့်အရေးနှင့် ပတ်သက်ပြီး တကမ္ဘာလုံးရှိ အဆိုးဝါးဆုံး ချိုး ဖောက်သည့် (၃) နိုင်ငံကို နှစ်စဉ်ထုတ်ပြန်လေ့ရှိပြီး ယခုနှစ်၌ မြန်မာနိုင်ငံပါဝင်လာခြင်းဖြစ်ကြောင်း COHRE အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်နေသည့် သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး ဖွံ့ဖြိုးမှုကွန်ရက်မှ ဒါရိုက်တာ ခိုင်ဓူဝံကပြောသည်။
၎င်းက “တနေ့ တိုင်းပြည်ပြုပြင်ပြောင်းလဲဖို့အတွက် လုပ်ဆောင်နေကြတဲ့အချိန်မှာ ဒီကိစ္စက အရေးအကြီးဆုံး ဖြစ်လာမှာပါ။ ဘာလို့ဆိုတော့ လူတွေကို ပြန်လည်နေရာချထားရမယ်လေ။ ဒီတော့ မှတ်တမ်းမှတ်ရာတွေနဲ့၊ ဆုံးရှုံးခဲ့တဲ့လယ်မြေတွေ၊ ပျက်စီးခဲ့တဲ့ရွာတွေ မှတ်တမ်းရှိဖို့ လိုတယ်လေ။ အခြားတဘက်မှာလည်း ကျေးရွာလူထုတွေအထိ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပညာပေးလုပ်ဆောင်မှုတွေ လုပ်သွားရပါမယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ၌ ဦးနေ၀င်းအာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုမှစ၍ ပိုင်ဆိုင်မှုဆိုင်ရာ အခွင့်အရေးများဆုံးရှုံးခဲ့ကြောင်း၊ လယ်သမားများအနေဖြင့် အစိုးရအား ပုံမှန်အခွန် ပေးဆောင်နေသော်လည်း အာဏာပိုင်များသိမ်းယူလိုပါက အချိန်မရွေးမြေယာသိမ်းယူမှု ခံရနိုင်ကြောင်း၎င်းကဆက်လက် ပြောသည်။
ယခုထုတ်ပြန်သည့် အစီရင်ခံစာကို ၂၀၀၂ မှ ၂၀၀၆ အထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ထိုင်းနှင့် တရုတ်နိုင်ငံနယ်စပ်ဒေသများ၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့များ၊ နယ်စပ်အခြေစိုက်နိုင်ငံ ရေးအဖွဲ့များ၊ လူထုအခြေပြုအဖွဲ့များနှင့် မီဒီယာများမှရရှိသောအချက်အလက်များနှင့် လူတွေ့ မေးမြန်းမှုများအပေါ်အခြေခံ၍ ပြုစုထားကြောင်းသိရသည်။
ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် CDM ကထိက ဌာနမှူး ဆရာမ
#ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
-
Mobile Medical Team-West Division တာဝန်ခံ
CDM ကထိက ဌာနမှူး ဆရာမ #ဒေါ်ရတီအုန်း ရဲ့ ပြောကြားချက် (Jan 12, 2024)
#တမူး မြို့နယ်၊ #ခမ်းပတ် မြို့အနီးရှိ #ကနန်...
10 months ago
0 comments:
Post a Comment